Uni part 8

559 41 0
                                    


လရောင်ယေးယေးက အခန်းထဲကို ပြတင်းပေါက်မှ ကျော်ဝင်လာပြီး တစ်ယောက်အိပ် ကုတင်ပေါ်ထံသို့ကျရောက်နေလေသည်။ နှီးချောဖျာကို ခင်းထားသည့် ထို ကုတင်ပေါ်မှ မိန်းကလေးတစ်ဦးမှာ ဇောချွေးများ ပျံနေသည်။တင်းတင်းကျပ်မှိတ်ထားသည့် မျက်လုံးက ဖြတ်ခနဲ ပွင့်လာသည်နှင့် အပြိုင်....

"ကိုကို....."

အသံအနည်းငယ် ကျယ်သွားသဖြင့်မိုးမြတ်၏ အဖွားသည် အခန်းတခါးဝမှ နေ၍

"ငါ့မြေး ဒီအိမ်မက်ကြီး မက်ပြန်ပြီလား...."

"အမလေး.....အမေကြီးရယ် လန့်လိုက်တာ"

မီးမဖွင့်ပဲ လရောင်ယေးယေးနှင့်သာ ရှိနေပြီး အခန်းထဲမှာမှောင်နေသောကြောင့် အမေကြီးဖြစ်သူ ရောက်နေသည်ကို မမြင်ရပဲ လန့်သွားရသည်။
မိုးမြတ်၏ဇာတိမှာ မြို့နှင့် အနည်းငယ်လှမ်းသော ရွာကလေးဖြစ်လေသည်။တာဝန်ကျရာ မြို့ကို အမေကြီးနှင့် အတူ အခန်းငှါးနေပြီး ရွာက အိမ်တွင်တော့ အမေတစ်ယောက်ထဲသာ ကျန်ခဲ့သည်။

"ဟင်း.......ငါ့မြေးမယ်လည်း တယ်လည်း သံယောဇဉ်ကြီးသကိုး...."

"မဟုတ်တာ အမေကြီးရယ်....သမီးဖြင့် စိတ်လည်း မစွဲပါဘူး သူ့အလိုလိုကို မက်နေတာ ဘယ်လိုဖျောက်ရမှန်းလဲ မသိပါဘူး"

"ဒါမျိုးက ဖျောက်လို့ ရတဲ့ အရာမှ မဟုတ်တာ.....ကဲ ကဲ ပြန်အိပ်တော့"

ကုတင်ဘေး စားပွဲပေါ်တွင် အသင့်စောင်ထားသော ရေသန့်ဘူးကို ယူပြီး တစ်ကြိုက်သောက်လိုက်သည်။ ဘယ်ချိန်ထဲက မက်ပြီး ဘယ်လိုတွေ အာရုံများနေလို့လဲ မသိ ၊ အာခေါင်များပါ ချောက်နေသည်။
ခေတ္တမျှ အတွေးများ လွှင့်နေရာမှ သက်ပြင်းတစ်ချက် ချလိုက်ပြီး

"ဟူး.........လျောက်တွေးနေလို့ မဖြစ်ပါဘူး မနက်ဖြန် နှစ်ဆုံးစာမေးပွဲနဲ့ အလုပ်က ရှုပ်အုံးမှာ ပြန်အိပ်အုံးမှပါ"

########################

စာမေးပွဲဖြေပြီးနွေကျောင်းပိတ်ကတည်းက အမေဖြစ်သူနှင့် အလုပ်လိုက်လုပ်ရသည်မှာ လက်ဆစ်ကလေးများတွင် အသားမာများ တက်နေလေပြီ။၉တန်းတစ်ချောက် သက်သက်သာသာနှင့် နေ့ခဲ့ရသမျှ ကျောင်းပိတ်မှ အတိုးချ လုပ်နေရသည်။မိသားစုဝင် လေးဦးတွင် ရွှေသွေးကတော့ ရှိနေသည်ကို မေ့တေ့တေ့ဖြစ်ရလောက်သည်။

ရင်၌ တည်ခဲ့သော..Where stories live. Discover now