"တော်တော့ ရွှန်းလဲ့ဦး"နားနေခန်းရှေ့တွင် ရပ်၍ ပြောနေကြလေရာ အသံအနည်းငယ် ကျယ်သွားသောကြောင့် အခန်းထဲမှ ဒေါ်အိသိမ့်သိမ့်ခန့်ထွက်လာလေသည်။
"မိုးနဲ့ သမီး.....ဘာတွေ ဖြစ်နေကြတာလဲ ညီမလေး...."
ရွှန်းကတော့ အနည်းငယ် မျက်ရည်ဝိုင်းနေရှာသည်။
"မိုးမြတ် ဘာပြသနာဖြစ်လို့လဲ...."
မခန့်ဝင်လာမှ လေသံပျော့ပြီး အသံနှိမ်၍
"ဘာမှ မဖြစ်ပါဘူး မခန့်...သူလေ ဂုဏ်ထူးပါသင့်ရဲ့သားနဲ့ မပါလို့ ကျွန်မက ပြောနေတာ"
"ဟော....အေရယ်....သူလည်း ပထမအကြိမ်မလို့ စိတ်လှုပ်ရှားလို့နေမှာပေါ့ ငါ့ညီမရဲ့ နောက်မလုပ်ဖို့ သေချာဆုံးမရမှာလေ မငေါက်ရဘူးလေ...."
ရပြီးသားစာကို အပြည့်အစုံဖြေပြီးမှ ဖျက်ချခဲ့သည့်အဖြစ်ကို ဆယ်တန်း ဆရာဆရာမတိုင်းသိနေဟန်တူသည်။ဆိုသည် ငေါက်သည်ဆိုကတည်းက ဒီကိစ္စဆိုတာကို တန်းသိနေလေသည်။
မခန့်ဝင်ပြောမှ ရှိုးတို့ရှမ်းတမ်းဖြစ်ပြီး နားသယ်စလေးကို နားနောက် သပ်တင်လိုက်ပြီး..."အို....ညီမလေးက သူ့ကောင်းစေချင်လို့ ပြောပြတာပါ ဆူချင်ငေါက်ခင်လို့ရယ်တော့ ဘယ်ဟုတ်ပါ့မလဲ".
"ရော်...ငါ့ညီမရယ်....ကောင်းစေချင်တောင် မငေါက်ရဘူးလေ သူ့ခမျာ့ မျက်ရည်တောင်ဝဲလို့....."
မခန့်ပြောခါမှ ဝဲနေသည့်မျက်ရည်များက အလိမ့်လိုက် ကျဆင်းပြေးရှာသည်။
"အို...."
"မအိုနဲ့ ဟိုမယ် ငိုတော့မှာ....ပြန်ချော့လိုက်... ညည်း ကောင်းစေချင်တာကလည်းအေ....သူတစ်ယောက်ထဲမှ ကွက်ပြီးတော့.....ပြီး...ကိ်ုယ့်ညီမလည်းမဟုတ်နဲ့...."
ထိုစကားကြားမှ ပြန်စဉ်းစားမိသည်။ဟုတ်ပါရဲ့.....။ မိုးနဲ့ ဒီကလေးမ ဘာမှ သွေးမတော်သားမစပ်ပါပဲ ဆူရငေါက်ရလောက်တဲ့အထိ ကောင်းစေချင်နေတာပါလိမ့်ကွယ်....။တကယ်ဆို တခြားကျောင်းသားများနှင့် တန်းတူ တစ်ခွန်းနှစ်ခွန်းမျှပြောရုံနှင့် တန်သင့်သည်လေ....။
မိုးမြတ်က နားနေခန်းရှေ့ ရပ်နေသေးသောကြောင့် မိုးအနားမှာမိုးကိုမော့မကြည့်ပဲ ရွှန်း ရပ်နေမိသည်။ ဝဲစစ မျက်ရည်လေးများက မျက်တောင်ထိပ်လေးမှ တွဲလွဲခိုနေပြန်သည်။ မိုး ညာဘက်လက်ထဲမှ ဆွဲခြင်းကို ဘယ်ဘက်လက်ထဲ ပြောင်းဆွဲလိုက်ပြီး တွဲလွဲခိုနေသည့် မျက်ရည်စများကို သုတ်ပေးလိုက်ကာ....
YOU ARE READING
ရင်၌ တည်ခဲ့သော..
Werewolfဖွင့်ပြဖို့ သတ္တိနည်းခဲ့တာကြောင့် သမီးနဲ့ဝေးခဲ့ရပေမယ့် ဆရာမချစ်နေတယ်ဆိုတာကို သမီးလေး သိဖို့အတွက်ပဲ ဖွင့်ပြောခဲ့ရတာပါ..နီးစပ်ဖို့ မမျှော်လင့်တော့ပါဘူး.. ဆရာမ ဒေါ်မိုးမြတ် ...................................................... ကြောက်စိတ်ထက်...