2

4K 310 9
                                    

"အ့ ကျွန်မတောင်းပန်ပါတယ်Leo တစ်ခါလောက်ခွင့်လွတ်ပေးပါ ကျွန်မမှာ မိသားစုတွေရှိလို့ပါ"

"မင်းငါ့ကိုနှောက်ယှက်ဖို့ ‌ခြေလှမ်းစလှမ်းကတည်းက ကိုယ့်ကိုကိုယ်သေလူဆိုတာမသိဘူးလား ဒါမှမဟုတ် မင်းကငါ့ကိုဖြိုနိုင်မယ်တွေးထားတာလား"

"မဟုတ်ပါဘူး ကျွန်မသူတို့ခိုင်းတဲ့အတိုင်း သတင်းယူရုံ ...ဖောက်"

ထိုအမျိုးသမီးစကားမဆုံးခင် Leoရဲ့ကျည်ဆံကသူမနှဖူးထဲဖောက်ဝင်သွားခဲ့ပြီ။

ကောင်မလေးက အသက်၃၀ ဝန်းကျင် သွတ်လက်တဲ့ သတင်းထောက်လေး ဒါပေမယ့်မတတ်နိုင်ဘူး ။Leo ရဲ့အရှေ့မှာလာပိတ်တဲ့ ကျောက်ခဲလေး တစ်လုံးတောင်အလွတ်ပေးတတ်တဲ့ လူမဟုတ်။
-----
ရိပေါ်ခပ်ညစ်ညစ် အပြုံးကိုဆင်မြန်းလျှက် သူ့ရဲ့နောက်ဆုံးပေါ်ကား ကားအနက်ကြီးထဲဝင်လိုက်ပြီး သြဇာပြည့်တဲ့ အသံဩဩဖြင့်..

"အိမ်ကိုမောင်း"
------
ရိပေါ်အိမ်ထဲဝင်လိုက်တာနဲ့ တစ်ခြံလုံးကတိတ်ဆိတ် နေပြီး အလုပ်သမားတွေကလဲ မျက်စိပျက်မျက်နှာပျက်ဖြစ်နေကြတယ်။
ထိုအချိန် တွင်အိမ်ထဲမှ လူတစ်ယောက်သွေးတွေနဲ့လွင့်ထွက်လာပြီး ထိုလူကသူ့လက်မောင်းကဒဏ်ယာကိုဖိကာ

"Leo ကျွန် ကျွန်တော့်ကိုသက်ညှာပေး..."

"ဖောက်"

ထိုလူစကားမဆုံးခင်မှာ ပဲ  ခေါင်းတည့်တည့်ကိုဖောက်ဝင်လာတဲ့ ကျည်ဆံကြောင့် ရိပေါ်အိမ်ထဲကိုကြည့်လိုက်တော့ မျက်လုံးနှစ်လုံး စလုံးကဒေါသတွေကြောင့်နီရဲနေပြီး တဆက်ဆက်တုန်ကာ သေနတ်ကိုင်ထားတဲ့လက်တွေကလဲ တင်းနေအောင်ဆုပ်ထားတဲ့လူ။ ထိုလူဆီကိုရိပေါ်ခြေလှမ်းကြီးနဲ့ဝင်သွားပြီး သေနတ်ကိုအသာလေးယူလိုက်ပြီးး...

"Baby စိတ်ကိုလျှော့ စိတ်ကိုလျှော့ ကိုယ့်ကိုပြော babyဘာဖြစ်လို့လဲ"

အဲ့လိုမေးတော့ ဒေါသထွက်နေတဲ့ထိုလူက သူ့မျက်နှာကိုစောင်းကြည့်လာပြီး..

"ငါက ဘာဖြစ်လိုကိစ္စတိုင်းမင်းကိုပြောရမှာလဲ"

"မင်းယောက်ျားဖြစ်နေလို့ပေါ့ bunny"

Mafia's King (Completed)Where stories live. Discover now