ရိပေါ်ကအလုပ်ကိစ္စရှိသဖြင့် အပြင်ထွက်သွားရာ ရှောင်ကျန့်အိမ်မှာ ချက်ပြုတ်နေတယ်။သူဟင်းချက်တတ်ပေမယ့် တမင်ရိပေါ်ကိုနိုင်စားချင်တာမို့ မလုပ်ပဲနေနေရာ.. ရိပေါ်ကသူ့အတွက်ဆိုအရမ်းကြိုးစားတာကြောင့် လျှစ်လှူမရှုနိုင်တော့ပေ..
ရိပေါ်က အလုပ်နဲ့ပါတ်သတ်လာရင်တော့ စနောက်လို့မရတဲ့အထဲမှာပါတယ် ရိပေါ်အလုပ်လုပ်တဲ့အခါကြရင် သူ့ကိုပင် လျစ်လျူရှုကာ အလုပ်ကိုပဲလုပ်နေတာကြောင့်သူမကြိုက်...
မနေ့ညက ရိပေါ်အသဲအသန် laptop တစ်လုံး ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတာကို သူထိုင်ကြည့်နေတာ..
တည်ကြည်တဲ့မျက်နှာထားတဲ့ တောက်ပတဲ့မျက်လုံးတွေက ထက်မြတ်တဲ့သူတစ်ယောက်ဆိုတာအလိုလိုပုံဖေါ်လျှက်သား.... ဖုန်းပြောလိုက် စာရိုက်လိုက်နဲ့ ပတ်ဝန်းကျင်ကိုမေ့လျှော့နေတဲ့လူရဲ့ တည်ငြိမ်ခန့်ညားမှုကို သူကြာကြာစိုက်မကြည့်နိုင်တော့တာကြောင့် အနားကိုကပ်ကာ ပါးလေးကိုနမ်းလိုက်တယ်.."မောင် အလုပ်တွေမပြီးသေးဘူးလား"
"အင်း..မောင့်ကိုမရှုပ်နဲ့ဦးခန"
*ဘာရှုပ်တယ်တဲ့လား *ရှောင်ကျန့်စိတ်ကောက်သွားပြီး စောစောသာဝင်အိပ်လိုက်တယ် သူဘယ်အချိန် အလုပ်ပြီးသွားလဲဆိုတာလည်း သူမသိလိုက်...
ရိပေါ်အလုပ် လုပ်ပြီးအခန်းထဲဝင်လာတော့ ရှောင်ကျန့်ကအိပ်နှင့်နေပြီ သူ့ကိုစိတ်ကောက်ပြီးအိပ်သွားတာ သူသိတာမို့ပါးလေးကိုနမ်းကာ အနောက်ကနေဖက်ပြီး နှိုးပေမယ့် သူကမနိုးတာကြောင့် ဒီအတိုင်းပဲအိပ်လိုက်တယ် မနက်ကြတော့လည်း အစောကြီးအမြန်ထသွားရတာမို့ ရိပေါ်မချော့လိုက်နိုင်ပေ...အလုပ်ကိစ္စတွေကိုအမြန်လက်စသတ်ပြီး သူခပ်မြန်မြန်ပင် အိမ်ကိုပြန်လာရာ ဝင်ဝင်ချင်းတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ့နှလုံးသားတွေခုန်ပေါက်လာတယ်....
Apron လေးဝတ်ပြီး တပြုံးပြုံးနဲ့ ဟင်းတွေချက်နေတဲ့ သူ့ရဲ့အချစ်လေးကနတ်သားလေးအတိုင်းကျက်သရေရှိနေတယ် ဒါနဲ့သူခြေလှမ်းကျဲကြီးတွေနဲ့ အိမ်ထဲကိုဝင်လိုက်ပြီး ခေါင်းကိုဆွဲလှည့်ကာ ပါးကိုမြုတ်နေအောင်နမ်းပစ်လိုက်တယ်....
YOU ARE READING
Mafia's King (Completed)
أدب الهواة100 % sweet အရေးသားလေးတွေ သည်းခံဖတ်ပေးပါ။ 18+ warning