5

2.4K 217 8
                                    

ရှောင်ကျန့် သူ့အလုပ်ပြီးတော့ အိမ်ကိုမပြန်ချင်သေးတာကြောင့် သူ club တစ်ခုထဲဝင်ကာ ‌သောက်စရာမှာလိုက်တယ်..ထိုစဉ် သူ့အနားကပ်လာတဲ့ မိန်းကလေးတစ်ယောက်..

"ကောကော"

သူမကိုရှောင်ကျန့်တွေ့လိုက်ရာ ရင်ထဲကတစ်ချက်လှုပ်ခက်သွားတယ် ။

"မတွေ့တာကြာပြီကော "

"အင်း အားမေ မင်းလှလာတယ် "

"ကောရောပဲ အရမ်းကြည့်ကောင်းလာတယ် ဒါနဲ့ အားမေထွက်သွားမိတဲ့အတွက်တောင်းပန်ပါတယ် ကောကိုလွမ်းနေခဲ့တာ"

မျက်လုံးဝိုင်းဝိုင်းနဲ့ နုတ်ခမ်းပါးပါးလေးနဲ့သူမက တစ်ချိန်ကရှောင်ကျန့်ရဲ့အသဲနှလုံးကိုလှုပ်ရှားစေခဲ့တဲ့သူပင်...

"ငါအခုအိမ်ထောင်နဲ့ အားမေ"

"သိတယ် အားမေသိတယ် ကောကော အကြပ်ကိုင်ခံရပြီး လက်ထပ်လိုက်တယ်ဆိုတာ အားမေသိတယ် "

"ဒီအကြောင်းတွေမပြောပဲနေရအောင် အားမေ"

"ဟုတ်ပါပြီ အတိတ်တွေမေ့ထားပြီး ဒီနေ့တော့နှစ်ယောက်လုံးစိတ်လွတ်ကိုယ်လွတ်ပျော်ရအောင်"

----
ဝမ်ရိပေါ် သူ့ဖုန်းရဲ့ screen လေးကိုပွတ်ရင်း နှုတ်ခမ်းကလဲပြုံးရိပ်လေးသန်းနေတယ်...

"လှလိုက်တာ ကိုယ်ရောဒီလိုအပြုံးလေးတွေပိုင်ဆိုင်ခွင့်ရှိမလား baby "

အခုbaby ကောင်မလေးတစ်ယောက်နဲ့ ကလပ်ထဲမှာ ဒီကောင်မလေးကသူ့အချစ်ဟောင်း...အခုရိပေါ်နှလုံးသားဟာ ဖျစ်ညှစ်ထားသလို ခံစားနေရတယ် ။ဒီမိန်းကလေးနဲ့ သူဒီည အိပ်မည့်ပုံပင် သူတို့နှစ်ယောက်လုံးအခြေနေက ပူးကပ်နေတယ်။

*ကိုယ် ခွင့်ပြုတယ် baby ပျော်မယ်ဆိုကိုယ်ခွင့်ပြုတယ်*

ရိပေါ်ခုံပေါ်မှာထိုင်ပြီး စီးကရက်ကိုဖွာကာ မှုတ်ထုတ်လိုက်ပြီး မျက်လုံးနှစ်လုံးကိုမှိတ်ထားရာ ခနမှေးကနဲအိပ်ပျော်သွားပြီးနောက်..

"ဝမ်ရိပေါ် ....ဝမ်ရိပေါ်..မင်းဘယ်မှာလဲ"

အခန်းထဲကိုအော်ဟစ်ပြီး ဝင်လာတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ်ရင်ထဲ ဝမ်းသာမှုလေးဖြစ်သွားတယ်..."

Mafia's King (Completed)Where stories live. Discover now