ရိပေါ်ကရေချိုးခန်းထဲကထွက်လာတော့
"ဝမ်ရိပေါ် မင်းငါ့ကိုမစော်ကားနဲ့ ဒီမှာကအဲ့ဒီလိုပဲ"
ရိပေါ်ကဘာမှ မပြောပဲ အကျီဝတ်ရန်သာလုပ်နေတာကြောင့်...
"ဝမ်ရိပေါ် ငါစကားပြောနေတယ်လေ"ရိပေါ်ကသူ့ကိုတစ်ချက်ခပ်စူးစူးကြည့်ပြီး....
"မင်းတို့ရဲ့ ဓလေ့ကငါ့အတွက်အဆင်မပြေဘူး မင်းchina မှာရှိတုန်းကလဲမင်းရည်းစားဟောင်းဆိုတဲ့ လူနဲ့ကုတင်ပေါ်တတ်မတတ် နမ်းနေတာကရောဘာလဲ"
"ဘာ...မင်းမင်းငါ့ကိုလိုက်ချောင်းနေတာလား....အဲ့တာငါမင်းကိုစိတ်တိုလို့ဖြစ်တာလေ နောက်ဆုံးမင်းရဲ့ကုတင်ပေါ်ကိုပဲ ပြန်တတ်လာတာပဲမဟုတ်လား"သူအမှားလုပ်ပြီး တစ်ပြားမှမလျှော့ပဲပြန်အော်နေတာကြောင့် ရိပေါ်ဂရုမစိုက်ပဲ ပစ်ထားလိုက်တယ်....
"အခုမင်းကကွာရှင်းချင်နေတာလား"
"ဘာ...ဘယ်လိုအခုမှ ငါမင်းကိုပထမဆုံးအပြစ်တင်ဖူးတာ...ဒါကိုမင်းကကွာရှင်းမယ်ဟုတ်လား"
"ဟုတ်တယ် မင်းမကျေနပ်ရင်ကွာရှင်း နားလည်မှုမရှိတဲ့ မင်းကိုငါထပ်ပြီးမပေါင်းနိုင်ဘူး"ရိပေါ်တောက်အကျယ်ကြီးခေါက်လိုက်ပြီး ဘေးကဆိုဖာကိုပိတ်ကန်ပစ်လိုက်တယ်...
"ဘာတဲ့ ..အများပိုင်နုတ်ခမ်းဟုတ်လား နုတ်ခမ်းတင်မကဘူး တစ်ကိုယ်လုံးပါ အများပိုင်ဖြစ်အောင်လုပ်မှာ မင်းမလိုချင်ဘူးမဟုတ်လား ဟမ်"
ရိပေါ်ရဲ့ တင်းနေတဲ့မေးရိုးကြီးနဲ့ အံကြိတ်သံတစ်ကျစ်ကျစ်တို့က ရှောင်ကျန့်ရဲ့ရင်ခုန်သံတွေကိုပိုမြန်လာစေတယ် ..အစကတည်းကသူ့အမှားဆိုတာသူသိပေမယ့် ရိပေါ်ဒေါသထွက်သွားတဲ့ပုံကိုသူကြည့်ပြီး သူရင်တွေဖိုလာတယ် ဒါကြောင့်သူရိပေါ်ကိုပိုပြီးစိတ်တိုအောင်လုပ်တယ် ရိပေါ်စိတ်တိုပြီး အသက်ရှုသံတွေပြင်းလာလေလေ သူ့ရဲ့အသက်ရှုနှုန်းတွေကလဲ မြန်ဆန်လာလေလေဖြစ်ကာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် စူးစိုက်စွာကြည့်ရင်း ရင်ဘက်တွေကနိမ့်လိုက်မြင့်လိုက်ဖြစ်လျှက် တစ်ခန်းလုံးမှာအသက်ရှုသံတွေသာ ဆူညံလို့နေတယ်...
"မင်းပြန်ပြောလိုက်စမ်း"
"ငါ့တစ်ကိုယ်လုံးကို အများပိုင်လုပ်မှာ"
"ရှောင်ကျန်!!!!!"
![](https://img.wattpad.com/cover/294908754-288-k770913.jpg)
YOU ARE READING
Mafia's King (Completed)
أدب الهواة100 % sweet အရေးသားလေးတွေ သည်းခံဖတ်ပေးပါ။ 18+ warning