6

2.3K 221 6
                                    

ရှောင်ကျန့်‌ကမောပန်းလွန်းလို့ပြန်အိပ်ပျော်သွားပေမယ့် ရိပေါ်ကတော့အလုပ်ကိုသွားရတယ် ။မသွားခင် ရှောင်းကျန့်ကိုသူသန့်ရှင်းရေးလုပ်ပေးလိုက်ပြီး ကြိတ်ပြုံးကာ ယုန်အကျီဝမ်းဆက်လေးဝတ်ပေးလိုက်တယ်။ ဒီတစ်ခါတော့အဝါရောင်လေး...ခေါင်း‌စွတ်လေးကိုပါစွတ်ပြီး ပါးလေးကိုနမ်းလိုက်တယ်။ပြီးတော့ သူနိုးလာရင်ဒေါသထွက်နေတဲ့ပုံလေးကိုစိတ်ကူးကာ ပြုံးလိုက်မိတယ်။

-----
နေလည် ထမင်းစားချိန်ရောက်တော့ရှောင်းကျန့်နိုးလာရာ သူ့တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေပြီး ကိုယ်တွေလဲကျစ်ကျစ်တောက်ပူနေတယ်။ သူရုတ်တရက်ဝမ်ရိပေါ်ကိုသတိရသွားပြီး တောက်တစ်ချက်ခေါက်လိုက်တယ်။

"တောက် စားပြီးနားမလည် လုပ်သွားတဲ့ကောင်"

ထိုစဉ်..

"သခင်လေးနေ့လည်စား စားချိန်ရောက်ပါပြီ "

"မစားဘူး ထွက်သွား လာမခေါ်နဲ့"

ကောင်မလေးကကြောက်ကြောက်နဲ့ထွက်သွားခဲ့ပြီး တံခါးလေးကိုအသာပြန်စေ့ခဲ့တယ်။ ပြီးနောက် ရှောင်ူကျန့်က သူ့ကိုယ်သူငုံ့ကြည့်ပြီး ဒေါသထွက်ကာ အပူချိန်တွေထပ်တိုးလာရတယ်။

"Fuck ဒီအကျီတွေကို -ီးမို့လို့ရောင်စုံဝတ်ပေးနေတာလား"

ရှောင်းကျန့် ငေါက်ကနဲထကာ အကျီတွေကိုချွတ်မည်အပြု ခေါင်းကမိုက်ကနဲဖြစ်ကာ တဆစ်ဆစ်ကိုက်လာတာကြောင့် အသာပြန်လှဲနေလိုက်တယ်။ဘာကြောင့်မှန်းမသိ သူ့ရင်ထဲမှာ အားငယ်သလိုလို ဝမ်းနည်းသလိုလိုကြီးခံစားလိုက်ရပြီး မိဘတွေကိုသတိရသွားတယ်။

"ပါးနဲ့မား ကျွန်တော်ကအားလုံးအတွက် ပေးဆပ်ခဲ့ရပြီး ဒီမှာတစ်ယောက်တည်း အထီးကျန်နေရတာ တရားရဲ့လား ။အစ်ကိုနဲ့အစ်မရော ကျွန်တော်အခုလိုဖြစ်နေရတာပျော်ရဲ့လား။ အစ်ကိုတို့ကတော့ပျော်ရွှင်နေပြီး ကျွန်တော်ကအခု အပယ်ခံဖြစ်နေပြီ"

ရှောင်ကျန့် ငိုယိုရင်း ပေါက်ကွဲနေမိတယ်။သူဒီလိုတစ်ခါမှ မငိုဖူးပေမယ့် အခုသူ့စိတ်တွေကအောက်ဆုံးအထိ ထိုးကျကာ အားငယ်နေတယ် ။
------
ရိပေါ်က ရုံးခန်းထဲမှာဖိုင်တွေစစ်ရတာ ပျင်းလာသဖြင့် ဖုန်းထဲက ယုန်အကျီနဲ့ အိပ်မောကျနေတဲ့ရှောင်ကျန့်ပုံလေးတွေကိုကြည့်နေတယ်။

Mafia's King (Completed)Where stories live. Discover now