မစိုးရိမ်ပါနဲ့ ကိုယ်ဝန်လနုသေးတာရာယ် လန့်သွားတာရာယ်ပေါင်းပြီး စိတ်လှုပ်ရှားသွားတာပါ..
"ဘ ဘာ...!! လန့်တယ်"
ဆရာဝန်အပြောကြောင့် ရိပေါ်စိုးရိမ်စိတ်နဲ့ဒေါသတွေရောပြွန်းသွားရတယ်..ရှောင်ကျန့်လိုလူမျိုးက သူ့ခေါင်းတည့်တည့်ကိုသေနပ်လာချိန်ရင်တောင် မျက်တောင်တစ်ချက်မခက်တဲ့လူမျိုး အဲ့လိုလူမျိုးကလန့်တယ်ဆိုတော့ ရိပေါ်သူ့အတွက်အရမ်းစိုးရိမ်သွားတယ်...ထို့နောက်ဆရာဝန်ကြီးကဆက်ကာ
"ပြီးတော့ မင်းတို့ညအိပ်ညတာကိစ္စအတွက် ......"
"စိတ်မပူပါနဲ့ ဒေါက်တာ ကျွန်တော်အဲ့လောက်တောင် မအောင့်အီးနိုင်တဲ့လူစားမျိုးမဟုတ်ဘူး"
"အာ....ဟုတ်ပါပြီ...လိုအပ်ရင် ဒေါက်တာဆီဖုန်းဆက်ပါ"လှမ်းပေးနေတဲ့ business ကဒ်ကိုရိ ပေါ်လှမ်းယူကာ ရှောင်ကျန့်ကိုတွဲပြီးအိမ်ပြန်သွားခဲ့တယ် ...
အိမ်ကိုရောက်တော့...."ဝမ်းနင် မင်းမပြန်သေးပဲဘာလုပ်နေတာလဲ"
အိမ်ရှေ့မှာ ဒူးထောက်နေတဲ့ဝမ်းနင်ကို ရိပေါ်အော်ပစ်လိုက်တယ် ဝမ်းနင်ကသူ့အတွက်ဆိုအသက်တောင်မနှမြောပဲ ပေးဆပ်ရဲတဲ့သူတစ်ယောက်ဖြစ်ဒါကြောင့် ဒီကိစ္စမှာသူ့ကိုအပြစ်မတင်ချင်ပေမယ့် ရှောင်ကျန့်က
တအားလန့်သွားတာမို့ သူခွင့်မလွှတ်နိုင်..."Boss ကျွန်တော့်ကိုမောင်းမထုတ်ပါနဲ့ ကျွန်တော် ဘာခိုင်းခိုင်းလုပ်ပါ့မယ်...boss ရှောင်း ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကို boss ဝမ်နားမှာနေခွင့်ပြုပါ"
ဝမ်းနင်ကဒူးထောက်ကာ မျက်ရည်ကြားကတောင်းပန်နေတာမို့...
"ရိပေါ် သူ့ကိုခေါ်ထားလိုက် သူကမင်းအပေါ်အရမ်းကောင်းတယ်မဟုတ်လား"
"baby မင်းစိတ်မဆိုးဘူးလား"
"ငါအရင်ကလိုမဟုတ်တော့ဘူး ဗိုက်ထဲမှာကလေးလေးရှိနေပြီ "ရှောင်ကျန့်ကဖြေးဖြေးလေးပြောပြီး တလှုပ်လှုပ်နဲ့အထဲဝင်သွားတယ်....
--------
၃လကြာပြီးနောက်...."မောင်!!! ငါနေလို့မကောင်းဘူး ဟင့်!မင်းငါ့ကိုပွေ့ထားပေးပါလား"
"ဘယ်နားနေမကောင်းတာလဲ "
YOU ARE READING
Mafia's King (Completed)
Fanfiction100 % sweet အရေးသားလေးတွေ သည်းခံဖတ်ပေးပါ။ 18+ warning