Final

3.6K 213 15
                                    

"မောင်!!! ဗိုက်နာတယ်"
မနက် ၄ နာရီလောက်မှာ ဖောင်းကားနေတဲ့ဗိုက်ကြီးကိုပွတ်ကာညည်းတွားနေတာကြောင့် အအိပ်စက်တဲ့ရိပေါ်ကအမြန်ထလိုက်တဲ့အခါမှာ ချွေးစေးတွေပျံပြီးအောက်နုတ်ခမ်းလေးကိုကိုက်ကာ နာကျင်မှုဒဏ်ကိုတင်းခံနေတဲ့ သူ့ရဲ့ချစ်ရသူလေးကို ပွေ့ပြီးဆေးရုံကို အမြန်ပို့လိုက်တယ် ပြီးနောက်ခွဲစိတ်ခန်း အရှေ့မှာ ခေါင်တုန့်ခေါက်ပြန်လျှောက်နေရင်း စိတ်လှုပ်ရှားစွာနဲ့ ဆုတောင်းနေမိတယ်....

သူရှောင်ကျန့်ကို အားနာတယ် သနားလည်းသနားတယ် အရင်ကဆိုမည်သူကျောတာမှ မခံတတ်တဲ့လူက သူ့အတွက်ဒီလောက်ထိလုပ်ပေးတာ ပါးစပ်ကနေတောင်ပြောစရာမလိုပဲ သူ့ကိုအရမ်းချစ်တာပေါ်လွင်ပါတယ် ဗိုက်ကြီး အကြီးကြီးနဲ့ လှုပ်ရှားရတာလည်းမလွယ် အပြင်ထွက်ရင်လည်းရှက်စရာကောင်းတယ်လို့ သူကတွေးပေမယ့် ရှောင်ကျန့်ကတော့‌အဲ့ဒီလိုတွေ တွေးမယ့်ပုံမပေါ်ပါ အရင်ကလိုသူနဲ့အပြိုင်ရန်မဖြစ်နိုင်ပဲ တအီအီနဲ့သာ ချွဲနေတာကြောင့်စိတ်မကောင်းဖြစ်ရတယ် အရင်လိုပဲသူကိုရန်တွေ့အော်ဟောက်စေချင်နေပြီ ဒါမှသူစိတ်သက်သာရာရမှာ.....

"Mr Wang ကလေးလေးကိုအောင်မြင်စွာပဲ ထုတ်ပြီးပါပြီ..."
"ကျွန် ကျွန်တော့်အမျိုးသားရော"
"သူကမေ့ဆေးအရှိန်ကြောင့်အိပ်ပျော်နေတယ် Mr Wang ရဲ့သားလေးကိုချီပါဦး"

အနောက်ကနေကလေးချီပြီးရောက်လာတဲ့ nurse လက်ထဲက ဝမ်ပေါက်လေးကိုသူပွေ့ချီလိုက်တယ် ကလေးလေးကဖောင်းဖောင်းတုတ်တုတ်လေးနဲ့ သူ့လက်မောင်းကြီးတွေထဲမှာမြုတ်လို့နေတယ်...

"မင်းခန္တာကိုယ်ထွားထွားကြီးကို မင်းပါးပါးဘယ်လောက်ထိ သယ်ထားရလဲသိလား"
"အဲ့ အင့် အင့်"
"မပြောတော့ပါဘူး ပါပါးမပြောတော့ပါဘူး ကျွတ် ကျွတ် ကျွတ်"
-----
ညနေစောင်းလောက်မှာတော့ ရှောင်ကျန့်မျက်လုံးလေးဖြည်းဖြည်းချင်းပွင့်လာရာ ကလေးလေးကိုပိုက်ပြီး နို့ဘူးတိုက်နေရင်း ဟိုဖက်ဒီဘက်လမ်းလျှောက်နေတဲ့ သူ့ယောက်ျားဖြစ်သူကိုတွေ့လိုက်ရတယ်...
*မောင်နဲ့ သားလေးကိုမြင်ရတာ အရမ်းကြည်နူးဖို့ကောင်းတာပဲ ငါလုပ်နိုင်ခဲ့ပြီ ငါမောင့်အတွက်သားလေးကိုမွေးပေးနိုင်ခဲ့ပြီ ဆိုတာယုံတောင်မယုံနိုင်ဘူး...*
ထိုစဉ်ရိပေါ်ကသူ့ကိုလှည့်ကြည့်လာပြီး..

Mafia's King (Completed)Where stories live. Discover now