"ရှောင်ကျန့် TV အစီစဉ်ကိုကြည့်ပြီး ကျေနပ်သဘောကျနေတယ်။ လူသူအရောက်နည်းတဲ့ တောထဲက ဧကတစ်ထောင်ရှိတဲ့ ဘိန်းခင်းကြီးကို သတ်ဆိုင်ရာကရှင်းလင်း..ဆိုတဲ့ခေါင်းစဉ်ဖြင့် သတင်းကြေညာနေတဲ့ လူကိုသဘောကျစွာနဲ့ ကြည့်နေရာ တစ်ချက်တစ်ချက် သီချင်းလေးညည်းလိုက်သေးတယ်။အဲ့ဒီအချိန်မှာပဲ သူတစ်ခုသတိရသွားပြီး...
"ဝမ်ရိပေါ် သူတို့ဝမ်ရိပေါ်ကိုသေချာပေါက် ပြသနာရှာတော့မှာ အဟက်တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ..အမလေး ဒီနေ့ရာသီဥတုကသာယာလိုက်တာနော် ဂေါက်လေးဘာလေးသွားရိုက်ရမလား"
ထိုစဉ်...Ti Ti Ti ..
ရိပေါ်ဆီကဖုန်းဝင်လာသဖြင့်..
"
*ဘာလဲ ချက်ချင်းငါ့ကိုပြသနာရှာတော့မလို့လား*"အေး...ပြော"
"baby ကိုယ့်ကိုတစ်နေရာလိုက်ခဲ့ပေး"
"ကျစ် ငါမအားဘူး"
"လုပ်ပါ baby ရာယ် baby မပါရင် အဲ့ကမိန်းမတွေက ကိုယ့်နားမှာလာရှုပ်နေမှာ"
"အာရုံအရမ်းနောက်တယ် နောက်နာရီဝက်အတွင်းလာခဲ့မယ် လိပ်စာပြော"
"ကျေးဇူးပဲ အချစ်ကလေး ကျေးဇူးပဲ"
-----
ထိုပါတီက ရှိသမျှ မကောင်းတဲ့နေရာကလူတွေလာကြပြီး သူတို့ရဲ့လက်ရှိအခြေနေကို မေ့ထားပြီး စည်းလွတ်ဝါးလွတ်နဲ့ ပျော်ရွှင်ရာနေရာဖြစ်တယ် ။တစ်ယောက်နဲ့တစ်ယောက် အိမ်ထောင်သည် လင်ရှိ မယားရှိ ဆိုတာကိုမေ့ထားကြပြီး စိတ်လွတ်ကိုယ်လွတ်နဲ့ကို အပန်းဖြေကြတယ် ။ပါတနာမပါလာလို့ကတော့ ဝိုင်းဆွဲခံရမှာအသေချာပင်....
-----
"ဒီလိုနေရာမျိုးကိုမှ တွေ့ဖို့ချိန်းရသလား ကွာ"ရိပေါ်အထဲမဝင်သေးပဲ ရှောင်ကျန့်ကိုစောင့်နေရာ...နာရီရောက်လောက်နေတော့ သူ့စကားအတိုင်းရှောင်ကျန့်ကရောက်လာတယ် အနက်ရောင်suit ဝမ်းဆက်လေးနဲ့ ရှောင်ကျန့်ကအရမ်း စမက်ကျတယ်။
YOU ARE READING
Mafia's King (Completed)
Fanfiction100 % sweet အရေးသားလေးတွေ သည်းခံဖတ်ပေးပါ။ 18+ warning