"အားကျန့် သားကိုကြည့်ရတာတစ်ခုခုစိတ်ညစ်စရာရှိလို့လား"
"မရှိပါဘူး ပါးသေချာကြည့်ပါဦး အချက်လတ်တွေပြည့်စုံရဲ့လား "
"ပြည့်စုံတယ် ဒီအချက်တွေနဲ့ဆို သူ့လုပ်ငန်းတွေမက သူ့ကိုပါဆွဲချလို့ရတယ် သားဘယ်လိုလုပ်ချင်လဲ"
"ထောင်ထဲထည့်လိုက်ပေါ့ ဒါဖြစ်ရမယ့်ကိစ္စမဟုတ်လား"
"ထောင်ထဲဆိုရင်တော့ ဒီတစ်သတ်သူပြန်ထွက်လာလို့ရမယ်တောင်မထင်ဘူး"
"အဲ့တာပိုကောင်းတာမဟုတ်လား ပါးကဘာတွေတွေဝေနေတာလဲ"
ရှောင်ပါးကသက်ပြင်း အရှည်ကြီးချလိုက်ပြီး..."သား သေချာဆုံးဖြတ်ပါဦး သားသူ့ကိုသံယောဇဉ်တွယ်နေပြီ ဆိုလဲပါးအပြစ်မတင်ပါဘူး"
"ဘယ်လို ပါးဘယ်လိုပြောလိုက်တာလဲ သူ့ကိုဘာလို့သံယောဇဉ်တွယ်ရမှာလဲ"
"ဟုတ်ပါပြီ..ပြီးတော့ ပါးတစ်ခုတော့သတိပေးစရာရှိတယ် သူနဲ့ပါးက ရန်ငြိုးမရှိဘူး သားကိုလိုချင်တဲ့စိတ်နဲ့ သူကသူကျွမ်းကျင်တဲ့နည်းသုံးခဲ့တာ အခုသားကိုလဲသူကအလိုလိုက်ပြီး ပါးတို့အပေါ်လဲသိတတ်တာမို့ အရင်ကကိစ္စတွေ မေ့ပေးလို့ရ...."
"တော်ပြီ ...ပါးကအရမ်းပျော့ညံ့တာပဲ ကျွန်တော်ကိုယ်တိုင်လုပ်မယ်"ရှောင်ကျန့် သူ့အဖေလက်ထဲကဖိုင်တွဲကို ဆက်ကနဲယူကာ လှည့်ပြန်လာခဲ့တယ်..
----
*ရိပေါ် မင်းကိုငါမချစ်ဘူး မင်းကမိုက်တယ် ဆွဲဆောင်မှုရှိတယ် အဲ့တာကြောင့်မင်းအပေါ်ငါသာယာတယ် ဒါပဲ..ငါ့ကိုယ်ငါ gay တစ်ယောက်ဆိုတာလဲ မင်းနဲ့မှ သိခဲ့ရတာမို့ ငါစိတ်အလိုလိုက်မိနေတယ် ဟုတ်တယ်ဒီလောက်ပဲ တခြားလူတွေနဲ့တောင်ငါမနေကြည့်ရသေးဘူး*ရှောင်ကျန့် bar ကိုထွက်လာခဲ့ရာ အထဲရောက်တော့ ကောင်ချောလေးတစ်ယောက်ကိုအဆင်သင့်တွေ့လိုက်ပြီး ဒီညသူနဲ့ပျော်မည်ဟုဆုံးဖြတ်လိုက်ကာ....
"ဟိတ်ကောင်လေး ဒီကိုလာ"
ထိုကောင်လေးက သူ့ပေါင်ပေါ်ထိုင်လိုက်တဲ့အခါ ....
"ယောက်ျားချင်းကြီး ဘယ်လိုမှ ခံစားလို့မရဘူး.."
"ဟင်!!!အစ်ကိုပဲ ကျွန်တော့်ကိုခေါ်တာလေ "
"မင်းငါ့ကိုနမ်းစမ်း"
ရှောင်ကျန့်က အိတ်ထဲက ငွေသားတစ်ထပ်ကို ထုတ်ပြီးစားပွဲပေါ်ပစ်တင်ပေးပြီးနောက် ကောင်လေးကသူ့နုတ်ခမ်းကိုနမ်းရန် ကပ်လာရာ နုတ်ခမ်းနှင့်ထိတော့မည့်ဆဲဆဲတွင်...
YOU ARE READING
Mafia's King (Completed)
Fanfiction100 % sweet အရေးသားလေးတွေ သည်းခံဖတ်ပေးပါ။ 18+ warning