ရှောင်ကျန့် ပျားသံပုရည်ခွက်လေးလာချပေးတော့ ရိပေါ်မရဲတရဲနဲ့သောက်လိုက်နေရာ ရှောင်ကျန့်ကစတင်ပြီး...
"မင်းသေဖို့စဉ်းစားနေတာလား"
"ကျန့် ကိုယ့်ကိုသေစေချင်ထင်လို့"
"ငါမင်းကိုသေတာထက်ပိုပြီး ဆိုးတာကိုဖြစ်စေချင်လို့ မင်းမသေနဲ့"ရှောင်ကျန့်ကအော်ဟစ်ကာပြောတယ်..
"အဲ့တာ babyကကိုယ့်ကိုဘာမှ မပြောပဲထွက်သွားလို့ ကိုယ်မှမသိခဲ့တာ ကိုယ့်ကိုအသက်ရှင်ခွင့်ပေးလို့ကျေးဇူးတင်ပါတယ်"
"အသုံးမကျတဲ့လူ မင်းမျက်နှာမမြင်ချင်ဘူး"
"ကိုယ်သိတယ် ကိုယ်သွားမှာပါ "
"ဒီနေရာ ဘယ်နေရာလဲဆိုတာရောမင်းသိလား"
"........."
"ကနေဒါ ငါမင်းကို ကနေဒါထိခေါ်လာတာ"
"ကိုယ့်ကိုစိတ်မပူနဲ့ ကိုယ့်မှာ......"
"မင်းကိုစိတ်မပူဘူး အသိပေးတာ"ရိပေါ်ကသူ့ရဲ့ကျချင်နေတဲ့မျက်ရည်တွေထိန်းကာ ခေါင်းလေးငြိမ့်ငြိမ့်လုပ်ပြီး ထွထွက်သွားမည်အပြု....
"အခုမင်းဘယ်သွားမလို့လဲ ဒီအိမ်မှာငါတစ်ယောက်တည်း မင်းမမြင်ဘူးလား ကယ်လာတဲ့မျက်နှာကိုထောက်သေးရင် ငါစားဖို့တစ်ခုခုလုပ်ပေးသင့်တယ်မထင်ဘူးလား"ရိပေါ်ကပြန်လှည့်လာပြီး ရေခဲသေတ္တာကိုဖွင့်လိုက်တော့ အထဲမှာ အသားငါးနဲ့ အသီးအရွက်အပြည့်စုံကိုတွေ့လိုက်ရတယ် ထို့နောက် သူ့အတွက် ကြက်သားလေးနဲ့ ကြေးအိုးပုံစံလေးချက်ပေဖို့ဆုံးဖြတ်ကာ အသီးအရွက်ကိုလှီးချွတ်နေစဉ် ရှောင်ကျန့်က အနောက်ကနေခုံမှာထိုင်ကာ မျက်မှောင်ကျုံ့ပြီးကြည့်နေတယ် တစ်အိမ်လုံးကလဲတိတ်ဆိတ်လျှက်....ရိပေါ်ကလှီးချွတ်နေရင်းမှ...
"အိမ်ကဘာလို့ ခရမ်းရောင်လဲ baby ကခရမ်းရောင်ကြိုက်လို့လား"
"မဟုတ်ဘူး ဒါငါ့အမလာဆောက်ထားတာ"
"အော်"အဲ့လိုပြောပြီး တိတ်ဆိတ်သွားကြပြန်တယ်..ရိပေါ်က ကျက်ပြီဖြစ်တဲ့ကြေးအိုးပူပူလေးကို စားပွဲပေါ်တင်ပြီး....
"မအေးခင်စားလိုက်နော် ကိုယ်သွားပြီ"သူ့အနှောက်ယှက်ဖြစ်မှာစိုးလို့ ရိပေါ်ကထွက်သွားရာ တံခါးဝရောက်ချိန်မှာတော့ ရိပေါ်ခြေလှမ်းတွေရပ်သွားတယ်...အကြောင်းက သူ့ကျောကုန်းကို ခွက်နဲ့အပေါက်ခံလိုက်ရခြင်းကြောင့်ဖြစ်တယ်....
YOU ARE READING
Mafia's King (Completed)
Fanfiction100 % sweet အရေးသားလေးတွေ သည်းခံဖတ်ပေးပါ။ 18+ warning