"ရိပေါ် ရှင်ဘာလို့ယောက်ျားတစ်ယောက်ကိုရွေးချယ်လိုက်ပဲ။ ဝေမသိဘူး ဝေဆီမှာဘာချို့ယွင်းချက်ရှိလို့လဲ ။ဝေ့ရဲ့ရုပ်ရည်ကို လှတယ်လို့မပြောဘူး။ ဒါပေမယ့်ဆိုးတဲ့ထဲမပါဘူး ။ပြီးတော့ ဝေ့ဖေဖေပိုင်တဲ့ ဧက တစ်ထောင်မကရှိတဲ့ ဘိန်းခင်းတွေရဲ့ဝင်ငွေတွေက တစ်နေ့တစ်နေ့ million နဲ့ချီပြီးစီးဆင်းနေတာ..ဝေ့ရဲ့အားနည်းချက်က ဥပဒေဘောင်ထဲမှာ မရှိတာလေးတစ်ခုပဲ..အခုရိပေါ်လို လူဆိုးခေါင်းဆောင်တစ်ယောက်က ရှေ့နေတစ်ယောက်ကိုရွေးခြယ်တယ် ဝေမယုံနိုင်ဘူး"
"ဝေ ငါဆို့ဘာပတ်သတ်မှုမှ မရှိဖူးဘူး ကျီစယ်တဲ့စကားလေးတစ်ခွန်းကို အတည်ယူနေတာ ဝေမပင်ပန်းဘူးလား"
"ပင်ပန်းတယ် ရိပေါ်ဘယ်အချိန် ဝေ့အပေါ်စိတ်ယိုင်လာမှာလဲစောင့်နေရတာ အရမ်းပင်ပန်းတယ်."
"ဒါဆို ဘာလို့ဒါတွေခုမှ လာပြောနေတာလဲ ငါ့မှာအိမ်ထောင်နဲ့ဆိုတာ မင်းမသိဘူးလား"
"ယောက်ျားချင်းယူထားတာကို အိမ်ထောင်လိုသတ်မှတ်နေတာလား ပြီးတော့သူက ရိပေါ်အတွက် ကလေးမွေးပေးနိုင်လား"
ဝေကအရမ်း ရဲတင်းတဲ့မိန်းကလေးတစ်ယောက်ပင်။ ဝေမှမဟုတ် ဒီလောက ကလူတွေအားလုံး ရဲတင်းပြီး ရက်စက်ပြတ်သားကြတယ်။ ဘိန်းရာဇာရဲ့သမီးတစ်ဦးဖြစ်ကာ ချမ်းသာမှုကျော်ကြားပြီး လှလည်းလှတာမို့ လိုချင်တဲ့သူတွေ ပေါလှတယ်..။ဒါပေမယ့်အဲ့ဒီအထဲမှာ ရိပေါ်မပါဝင်ခဲ့ပေ .။.ရိပေါ်ကိုငါ့သမီးနဲ့ သဘောတူတယ်ဆိုတဲ့ သူမဖခင်ရဲ့ ကျီစယ်မှုကိုသူမ အတည်မှတ်ယူထားတယ် ။အရင်ကတော့ ဘာမှ မပြောခဲ့ပေမယ့်အခုက ပြောမှဖြစ်တော့မှာမို့...
"ဝေ မင်းတော်သင့်ပြီ "
"ဘာလို့လဲ ဘာလို့ကလေးမမွေးပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ကို ရိပေါ်အကြာကြီးချစ်နိုင်မယ်ထင်လား မိသားစုဘဝမပေးနိုင်တဲ့ လူတစ်ေယာက်ကို မငြီးငွေ့ပဲကြာကြာချစ်နိုင်မလား...."
"မင်းက ငါ့ယောက်ျားရုံးခန်းထိ ဒီကိစ္စကိုပြောနေပုံထောက်ရင် အရမ်းစိုးရိမ်နေပုံပဲ"
"baby ကိုယ်ရှင်းပြ..."
"ကလေးမွေးဖို့ တိုင်ပင်နေကြတာာလား ဆက်တိုင်ပင်ကြပါ"

YOU ARE READING
Mafia's King (Completed)
Fanfiction100 % sweet အရေးသားလေးတွေ သည်းခံဖတ်ပေးပါ။ 18+ warning