ရှောင်ကျန့်နိုးလာတော့ ညနေစောင်းနေပြီဖြစ်ရာ သူအခန်းကိုဝေ့ဝိုက်ကြည့်လိုက်တော့ ရိပေါ်ကမရှိတော့ပေ....
*ငါ ငါမင်းကိုဆွဲထားရမှာကို တွန့်ဆုတ်နေမိတယ် မင်းဘာလို့ ရုပ်ရှင်ကားတွေထဲကလို ငါ့ကိုကြိုးတုတ်ပြီး မခေါ်ထားရတာလဲ...ငါဘယ်လောက်ငြင်းငြင်းပေါ့*ရှောင်ကျန့် ရဲ့မျက်ရည်တွေပါးပြင်ပေါ်ကိုလိမ့်ဆင်းကျလာတယ်...
*ငါ ငါတစ်ကယ်တော့ မင်းကိုမထွက်သွားစေချင်ဘူး*
"Baby !!!!"ရေချိုးခန်းထဲကထွက်လာတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်အငိုဟာ ရုတ်တရက်ရပ်တန့်သွားကာ အဝတ်မပါပဲ တပတ် လေးတစ်ခုသာပတ်ထားတဲ့လူကို ပြူးကြောင်ပြီးကြည့်နေမိတယ်..
"ဘာလို့ငိုနေတာလဲ ကိုယ့်ကြောင့်လား
ကိုယ် နာအောင်လုပ်မိလို့တောင်းပန်ပါတယ် ကိုယ်မထိန်းချုပ်နိုင်လို့...."
"ငါဗိုက်ဆာပြီ"
"အင်း ကိုယ်ကြေးအိုးလေးပြန်နွှေးပေးထားတယ် ထမင်းစားချင်ရင်လည်းစားလို့ရအောင် ချက်ပေးထားတယ်"
"အင်း"
ရိပေါ်ကအဝတ်တွေမဝတ်သေးပဲ သူစားဖို့ကိုပြင်ဆင်ပေးနေတယ်..…
တတ်တူးတွေပြည့်နေတဲ့ကျောပြင်ကြီးကို ကြည့်ကာရှောင်ကျန့် တံတွေးမျိုချလိုက်တယ်..အဲ့ဒီကျောပြင်ကြီးကိုဖက်တွယ်ပြီး ကဲပစ်လိုက်ချင်ပေမယ့် မနက်ကမှ လုပ်ထားတာမို့ သူ့အောက်ပိုင်းတစ်ခုလုံးနာကျင်နေပြီ..."Baby နိုးလာတာကိုစောင့်နေတာ ကိုယ်အလုပ်ကိစ္စသွားစရာရှိတယ် ညနေစောင်းနေပြီမို့ကိုယ်နောက်ကျနေပြီ ကိုယ့်ဘာသာစားထားလိုက်နော်"
ရှောင်ကျန့် ခေါင်းသာညိမ့်ပြပြီး ဘာစကားမှမပြောပေမယ့် စိတ်ထဲတွင်တော့ ...
*ဒီကိုရောက်တာ တစ်ရက်မပြည့်သေးဘူး အလုပ်လုပ်နေပြီလား အရည်အချင်းကတော့ မချီးကျူးပဲမနေနိုင်တော့ဘူး ငါတောင်ဒီမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတာကို...မနာလိုဖို့ကောင်းလိုက်တာ*
----
"Hello ရိပေါ် ငါမင်းနဲ့ တစ်ခါပဲဆုံဖူးတာ ငါတို့ထပ်တွေ့ရမယ်လို့ ထင်မထားဘူး "
"ဟုတ်တယ် ကျွန်တော်လဲ ဒီဘက်ကိုခြေဆန့်ဖြစ်မယ်မထင်လို့ အစ်မ graceရဲ့ ကမ်းလှမ်းမှုကိုလက်မခံခဲ့တာ"
"ဘာဖြစ်ဖြစ်ဝမ်းသာတယ် အခုလဲ မင်းနဲ့အလုပ်အတူလုပ်ခွင့်ရတာကံကောင်းတာပဲ မင်းရဲ့ကျော်ကြားမှုတွေငါတို့ကြားတယ်"
"ကျွန်တော် တရုတ်ကစီးပွားရေးတွေအားလုံးမရှိတော့ဘူး အခုကျွန်တော် ဥပဒေအတွင်းကပဲ အလုပ်လုပ်တော့မှာ"
"ဘယ်လို ဘယ်လိုလူကမင်းကို လုပ်နိုင်တာလဲ"
"ဒါပေါ့ ဘယ်သူကမှ ကျွန်တော့်ကိုမလုပ်နိုင်ဘူး အဲ့တစ်ယောက်ကလွဲရင်ပေါ့"
"ဟင်း ဟင်း ဟင်း ကြည့်ရတာ အချစ်ကိုတွေ့နေပြီထင်တယ်"
"အင်း ကျွန်တော်လက်ထပ်ပြီးပြီ"
"ဝါး တစ်ကယ်လား ကလေးတွေဘာတွေရောရနေပြီလား"
"လက်ထပ်တာ ၃လပဲရှိသေးတာ"
"ဝိုး....ဒါပေမယ့်ငါယုံတယ် Leo ဆိုတဲ့အတိုင်း ကလေးတွေအများကြီးရအောင်လုပ်နိုင်မှာ အဟင်းဟင်း"
"ကျွန်တော်ယူထားတာ ယောက်ျားလေးဗျ"
"အာ.....sorry ပါ ဒါပေမယ့် ခေတ်ကြီးကတိုးတတ်နေပါပြီ "
"ကျွန်တော်သူ့ကို မမွေးခိုင်းပါဘူး မတော်လို့တစ်ခုခုဖြစ်နေရင် ကျွန်တော်ပဲရင်ကွဲမှာ"
"Leo ကအရမ်းချစ်တတ်သွားတာပဲ"
---------
ညကိုးနာရီရောက်လာတော့ ရှောင်ကျန့်အိမ်ရှေ့ကဆိုဖာပေါ် အလိုမကျစွာထိုင်နေတယ်...
"ဘာလို့ မိန်းမတွေရဲ့ပါးစပ်မှာ ကလေးမွေးဖို့တစ်ခုကိုပဲပြောနေရတာလဲ ယောက်ျားတွေကလဲ ကလေးမွေးနိုင်မှသဘောကျလို့လား ငါဆို ရင်ရော ....ဟုတ်တယ်နော် ကလေးလေးနဲ့ဆိုပိုပျော်ဖို့ကောင်းမှာ"
ရှောင်ကျန့် တစ်ကိုယ်တည်း တီးတိုးရွတ်နေတယ်....သူရိပေါ်နောက်ကိုခိုးပြီးလိုက်ချောင်းထားတာပင်ပန်းနေတာမို့ ထိုဆိုဖာပေါ်မှာတင်အိပ်ပျော်သွားတယ်...
-----
မနက်မိုးလင်းတော့ ရှောင်ကျန့်မျက်လုံးနှစ်လုံးဖျက်ကနဲပွင့်လာကာ ထထိုင်လိုက်တယ်။ သူညကဆိုဖာပေါ်မှာ အိပ်ပျော်သွားပေမယ့် ကုတင်ပေါ်ရောက်နေတယ်...ဒါပေမယ့်သူ့ဘေးမှာတော့ ရိပေါ်မရှိနေ...

YOU ARE READING
Mafia's King (Completed)
Fanfiction100 % sweet အရေးသားလေးတွေ သည်းခံဖတ်ပေးပါ။ 18+ warning