10

2.3K 192 6
                                    

"Boss ကျွန်တော်တို့ကိုအပြင်မှာဝိုင်းထားတယ်"

ဝမ်းနင်ရဲ့အပြောကြောင့်ရိပေါ် မျက်မှောင်ကျုံ့သွားတယ်.။.ဒီလိုလုပ်တာ သူ့ရဲ့ဓာတ်သိထဲရပဲ ဖြစ်‌လိမ့်မယ် သူဘယ်သွားတယ် ။ဘယ်လာတယ်ဆိုတာကို လျို့ဝှက်ထားတတ်သူဖြစ်ပြီး အခုရောက်နေတဲ့နေရာက မြို့နဲ့အလှမ်းဝေးတဲ့ သူ့ရဲ့ဂိုဏ်းခွဲနေရာတစ်ခုဖြစ်တဲ့ bodyguard များများစားစားမပါနဲ့ နေ့မှခုလိုလုပ်ခံရတာဖြစ်တယ်။
သူတွေးနေစဉ်မှာ ပဲ အပြင်က သေနတ်သံတွေအဆက်မပြတ်ဝင်ရောက်လာတယ်။ ရိပေါ်ဘက်က လူအင်အားနည်းပေမယ့် နယ်ခံဖြစ်ရာကြောင့် အနည်းငယ်ပြန်ပြီးခုခံနိုင်ရုံသာ

",Boss သွားရအောင် မဟုတ်ရင်သေလိမ့်မယ်"

"မသွားဘူး ငါ့လူတွေကိုထားပြီးမသွားနိုင်ဘူး "

"Boss ပြန်ရင်သူတို့လဲ အလိုလိုပြန်ဆုတ်လိမ့်မယ်"

"သူတို့ကိုဆုတ်ခိုင်းလိုက် ငါအကုန်သေသအောင်သတ်ပြီးမှ သွားမယ်"

"Boss"

ရန်သူတွေကသူ့ကိုပဲဦးတည်နေတာကိုသူ မသိပဲ ဂိုဒေါင်ထဲကပစ္စည်းတွေကိုသာမဲပြီး တိုက်ခိုက်နေတဲ့ရိပေါ်ကို ဝမ်းနင်နားချလို့မရ...ထိုစဉ်

"အ့"

"Boss ထိသွားပြီ"

"ဖယ် လက်မောင်းထိတာဘာဆန်းလဲ'

"Boss မသေနိုင်ဘူး ဆိုပေမယ့် သွေးထွက်လွန်ရင် အန္တာရာယ်ရှိနိုင်ပါတယ်"

ရိပေါ်ကခေါင်းမာပြီး တင်းခံနေတယ်။ သူ့နှဖူးကချွေးစေးတွေလဲ ပျံနေပြီးနှုတ်ခမ်းတွေကလဲသွေးရောင်ပျောက်လုဖြစ်လာတဲ့အခါမှာတော့ ဝမ်းနင်က အတင်းဆွဲကာ လျို့ဝှက်လမ်းကနေဆွဲခေါ်သွားတယ်။ ဒဏ်ရာနဲ့မို့ ရိပေါ်မလှုပ်နိုင်ပဲ ပါသွားခဲ့တယ်။
ရိပေါ်ထွက်သွားပြီဆိုတာသိတာနဲ့ ထိုလူတွေပြန်လှည့်သွားကြတာကို ကျန်ခဲ့တဲ့တပည့်တွေဆီကနေ သတင်းရခဲ့တယ်။ သူ့လူတွေတစ်ယောက်မှ မထိခိုက်ပဲ သူ့ကိုပဲဦးတည်ပြီး သတ်တာဖြစ်တယ်။
--------

ဒီနေ့ညမိုးတွေအရမ်းရွာနေပြီး အိမ်တော်ထဲမှာရှောင်းကျန့်တစ်ယောက်တည်းရှိနေတယ်။ သူအေးတာကြောင့် ဝီစကီပြင်းပြင်းကို‌တစ်ယောက်တည်းသောက်ကာ တစ်ခုခုကိုတွေးတော‌နေစဉ်..

Mafia's King (Completed)Where stories live. Discover now