16

2.2K 159 8
                                    

"baby နိုးပြီလား sorry ပါကိုယ်တောင်းပန်တယ် ကိုယ်အမြဲကြမ်းမိနေတယ်"
"ဆေးရုံသွားရအောင်"
"ဟင်!!!ဘာလို့လဲ ဘယ်နားကအရမ်းနာနေတာလဲ"
"ဘာမှမမေးပဲ ဆေးရုံကိုပို့ပေးပါလား"
"အင်း ကိုယ်လိုက်ပို့ပေးမယ် ကားသွားခေါ်လိုက်မယ်"

ရိပေါ်က taxi ငှားကာ ရှောင်ကျန့်ကိုခေါ်ပြီးဆေးရုံကိုသွားလိုက်တယ် ပျာယာခက်နေတဲ့ရိပေါ်ရဲ့ပုံစံကိုကြည့်ပြီး ရှောင်ကျန့်မရာယ်မိအောင်ထိန်းထားရသေးတယ် ထိုနောက်ဆရာဝန်ကြီးထွက်လာရာ English လိုပြောတယ်...

"ရှောင်းကျန့်လား"
"ဟုတ် ကဲ့ doctor"
"ဟင် baby ဖုန်းကြိုဆက်ထားတာလား"
"ဟုတ်တယ် "

ဆရာဝန်ကြီးကသူတို့နှစ်ယောက်ကိုကြည့်ပြီး....

"မင်းရဲ့အမျိုးသားလား"
"ဟုတ်တယ်"
"သူရောသဘောတူပြီးပြီလား"
"သူမသိသေးဘူးဆရာ ကျွန်‌တော်သူ့ကိုအံ့ဩစေချင်လို့"

သူတို့ပြောတာတွေကိုရိပေါ် နားမလည်နိုင်ဖြစ်နေတယ်...
"baby ဘာဖြစ်တာလဲ ကိုယ့်ကိုဘာတွေဖုံးကွယ်ထားတာလဲ"

စိတ်လှုပ်ရှားနေတဲ့ရိပေါ်ကို ဆရာဝန်ကြီးက ပြုံးကာကြည့်ပြီး...
"သူမင်းရဲ့ရင်သွေးလေးကို လွယ်ချင်လို့လာပြောထားတာ အဲ့တာမင်းရဲ့မျိုးဥလည်းလိုတယ်လေ"

ဆရာဝန်ကြီး အပြောအပြီးမှာတော့ ရိပေါ်သူ့လက်တစ်ဖက်နဲ့ သူ့ပါးစပ်ကိုခပ်တင်းတင်းအုပ်ပြီး ကျချင်နေတဲ့မျက်ရည်တွေကိုမျက်လုံးပုတ်ခက်ပုတ်ခတ်နဲ့ ထိန်းထားရာ...ရှောင်ကျန့်ကသူ့လက်လေးကိုဆုပ်ကိုင်လာတယ်...

"မင်းအရမ်းစိတ်လှုပ်ရှားနေတာလား"
"ကိုယ် ကိုယ်မင်းကိုချစ်တယ်"

ဆရာဝန်ရှိနေတာကိုတောင်ဂရုမစိုက်နိုင်ပဲ ရှောင်ကျန့်ကိုယ်လေးကိုဖက်ကာ တစ်ရှုံ့ရှုံ့ငိုနေတဲ့ရိပေါ်ပါ....
------
ဆေးရုံကနေပြန်ထွက်လာတော့ နှစ်ယောက်သားလက်လေးတွေအချင်းချင်း ဆုပ်ကိုင်ကာရာယ်မောနေကြတယ်...

"baby ကိုယ်တို့လျှောက်လည်ကြမလား"
"အင်း"
"Sorry ပါ ကိုယ်ရက်ပိုင်းအတွင်း ကားတစ်စီးရအောင်လုပ်ပေးပါမယ်"
"ဒီမှာက လမ်းလျှောက်ပြီး နှစ်ထပ်ကားကြီးစီးရတာ အရမ်းပျော်ဖို့ကောင်းတာသိလား"

Mafia's King (Completed)Where stories live. Discover now