ဒီနေ့လဲ ည12နာရီထိုးပြီ baby ပြန်မလာသေးဘူး babyပြန်မလာတာ 4ရက်ရှိပြီ သူ့ကိုထားသွားခဲ့ပြီ တစ်နေ့နေ့ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားဆိုပေမယ့် အချိန်သုံးလကတော့ အရမ်းတိုလွန်းမနေဘူးလား 3လလောက် အတူနေရဖို့ အားလုံးစွန့်လွတ်လိုက်ရမယ်ပေါ့...နောင်တမရပါဘူး တစ်ရက်ထဲဆိုရင်တောင်လုံလောက်ပါတယ် အတော်ဆုံးရှေ့နေတစ်ယောက်ဖြစ်ပြီး ဒုစရိုက်လောကမှာလဲ နာမည်ကြီးနေသူတစ်ယောက်ကို ချစ်မိခဲ့ကိုယ်က အဆိပ်သီးမှန်း သိသိနဲ့စားခဲ့တာ..
"Boss"
ဝမ်းနင်ကမျက်စိပျက်မျက်နှာပျက်နဲ့ ပြောမည့်စကားတွေကိုတွန့်ဆုတ်နေတာကြောင့်...
"ပြောဝမ်းနင်"
"ကျွန်တော်တို့စခန်းတွေအားလုံး ကိုရဲတွေခြေရာခံမိသွားပြီ တစ်ချို့အစောင့်နည်းတဲ့နေရာတွေဆို ဝင်စီးပြီးသွားပြီ ကျွန်တော်တို့ညှိလို့ရမယ့်ပုံမပေါ်တော့ဘူး တစ်ဖက်ကဦးဆောင်သူက ..ရဲ ..ရဲအုပ်ရှောင်းကိုယ်တိုင်ဖြစ်နေတယ်...ကျွန်တော့် လူတွေကိုအသင့်ပြင်ခိုင်းလိုက်ရမလား"
"ဝမ်းနင် အားလုံး စခန်းကိုစွန့်ဖို့ အမိန့်ပေးလိုက်ပါ ပြီးရင်မင်းလဲဒီဟာကိုယူပြီးထွက်သွားတော့"ရိပေါ်ကငွေသေတ္တာကို ပစ်ပေးလိုက်တယ်..
"Boss မဟုတ်မှ ကြိုသိနေတာလား"
သူတို့ကငွေကိုဘယ်တော့မှ လက်ထဲမှာထားလေ့မရှိ...ခုလိုမျိုးငွေသားရှိနေခြင်းက ကြိုတင်စီစဉ်ထားတာပဲဖြစ်နိုင်တယ်...."ကျွန်တော်မသွားနိုင်ဘူး boss ရဲ့ဘဏ်အကောင့်တွေအားလုံးပိတ်သွားပြီ ဘယ်လိုလုပ်မှာလဲ အဖမ်းခံမှာတော့မဟုတ်ဘူး မှတ်လား"
"ဝမ်းနင် မင်းငိုနေတာရပ်ပြီး ခုချက်ချင်းအဲ့တာကိုယူပြီးထွက်သွားစမ်း မဟုတ်ရင် ငါပစ်သတ်တော့မှာ"
ရိပေါ်ကအံဆွဲထဲကသေနတ်ကိုထုတ်ပြီးချိန်လိုက်တဲ့အခါမှာတော့...."Boss ကျွန်တော်သွားမှာပါ သေနတ်ကိုကြောက်လို့တော့မဟုတ်ဘူး ကျွန်တော်ကသေချာပေါက်အသက်ရှင်ကျန်ပြီး လက်စားချေမှာမို့လို့...."
"မင်း!!!!"တစ်ခါမှ မျက်လုံးချင်းစေ့စေ့မကြည့်တတ်တဲ့ ဝမ်းနင်က ရိပေါ်ကိုစူးစိုက်ကြည့်ကာ တစ်လုံးချင်းခွန်းတုန့်ပြန်ပြီး လှည့်ထွက်သွားတယ်...
-------
*နောက်နှစ်ရက်လောက်ဆို ရိပေါ်ရဲ့စခန်းတွေအားလုံးကိုဝင်စီးတော့မှာ သူလဲပါသွားနိုင်ပေမယ့် ဒီလူကအဲ့လောက်မနုံဘူး အခုလောက်ဆိုနိုင်ငံခြားဖြစ်ဖြစ်ရောက်နေပြီး သာယာနေလောက်ပြီ...ဒီနိုင်ကလုပ်ငန်းတွေအားလုံးပျက်စီးခဲ့ရင်တောင် ပြည်ပကသူ့လုပ်ငန်းတွေနဲ့သူပြန်လည်ပတ်လို့ရသေးတယ်
အခုငါသူ့ကို ပြန်ပြီးစိတ်ပူနေတာလား..သူနိုင်ငံခြားမပြေးနိုင်အောင်ငါလုပ်ရမှာလေ...ဒါပေမယ့်မင်းငါ့အပေါ်ကောင်းခဲ့တာတွေအတွက် ငါသက်ညှာတဲ့အနေနဲ့လျှော်ပေးလိုက်မယ်...ဒါပေမယ့်မင်းဒီနိုင်ငံထဲမှာပဲရှိနေသေးရင်တော့ မင်းထိုက်နဲ့မင်းကံပဲ.....*
![](https://img.wattpad.com/cover/294908754-288-k770913.jpg)
YOU ARE READING
Mafia's King (Completed)
Fanfiction100 % sweet အရေးသားလေးတွေ သည်းခံဖတ်ပေးပါ။ 18+ warning