4

4.1K 273 5
                                        

ရိပေါ်တစ်ယောက်တည်း အခန်းထဲမှာဒေါသတွေထွက်နေတယ် ။

*ကဒ်ထဲကနေ 15 billion $ ကို တစ်နေ့တည်းနဲ့ကုန်အောင် ဘယ်လိုများလုပ်ပစ်လိုက်လဲ ငါ့ကိုတစ်ခါတည်း ငရဲကိုပို့နေတာလား oh my god ဒါငါ့အပြစ်တွေပဲ*

သူ ဆိုဖာပေါ်လှဲချလိုက်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။.အခုအာရုံထဲမှာ ပေါ်လာတဲ့ ယုန်သွားလေးနဲ့ သူချစ်ရတဲ့ လူသားလေးဆိုတဲ့အသိမရှိတော့ပဲ ပြန်လာရင်မှတ်လောက်သားလောက်အောင် လုပ်ပစ်ချင်စိတ်တွေကကြီးစိုးနေတယ်။

ည၁၀နာရီရောက်တဲ့အခါ ရှောင်ကျန့်ရဲ့ကားသံကြားလိုက်တဲ့အခါမှာတော့ ရိပေါ်အိမ်ရှေ့မှာ အသင့်ရပ်စောင့်နေလိုက်တယ်။ သူ့ရဲ့နှဖူးတွေကလဲ အစွမ်းကုန်ကျုံ့ထားပြီး မျက်လုံးတွေကနီရဲစွာဖြင့် ကားပေါ်ကဆင်းလာမည့် လူကိုခါးထောက်ကာကြည့်နေကာ....

ရှောင်ကျန့်က ကားပေါ်ကနေ ယိုင်တိုင်တိုင်နဲ့ဆင်းလာပြီး တစ်ကိုယ်လုံးအရက်နံ့တွေကလဲမွှန်ထူနေတယ်။သူတလှုပ်လှုပ်နဲ့လမ်းလျှောက်လာရင်း ရိပေါ်ရဲ့အရှေ့ရောက်တော့ ခလုပ်တိုက်ကာ ဖင်ထိုင်ရက်လဲကျသွားတယ်။ထိုအရာကိုရိပေါ်က ခါးထောက်ကာကြည့်နေတော့...

"မင်းငါ့ကို~~ မထူဘူးလား~~~"(အရက်မူးတဲ့လေသံ)

"ဒီနေ့မင်းဘာလုပ်လိုက်လဲ မင်းမသိဘူးလား"

ရိပေါ်အသံက မာကျောလျှက်

"မင်းအခုငါ့ကိုအော်နေတာလား"

"15 billions အကြောင်းမရှိပဲပျောက်သွားတာ ငါမအော်ရဘူးလား"

"မင်းအရမ်းစိတ်တိုနေတာပဲ ဟား ဟား မင်းအရမ်းစိတ်တိုနေတယ် "

"မင်း!!!ရှောင်းကျန့် မင်းအခုလာခဲ့"

ရိပေါ်သူ့အကျီကော်လံစနှစ်ခုဆွဲကာ ထူလိုက်တော့ လျှော့တိလျှော့ရဲနဲ့ အလိုက်သင့်ပါပြီး သူ့ကိုပြုံးကာကြည့်နေတယ်။

*ပြုံးနေတယ် အဲ့အပြုံးတွေကတကယ်ချစ်ဖို့ကောင်းပေမယ့် အဆိပ်အဝောာက်ပဲ*

ရိပေါ်ကသူ့အကျီစတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း လှုပ်ယမ်းလိုက်တော့..ရှောင်ကျန့်မျက်နှာကချက်ချင်းညိုးကျသွားပြီး...

Mafia's King (Completed)Where stories live. Discover now