Unicode
မိုးရာသီ အစပိုင်းဖြစ်၍ နေ့လည် ဖြစ်နေလျှင်တောင် မိုးကအုံ့နေသည်ကြောင့် နေပူပူကြီးတော့ ဖြစ်မနေတော့ပေ ရှန်းယွီဖေးလည်း သူ့ဘေးက ဘုရင်ကို လျှစ်လျူရှုလျှက် Xian ပေးခဲ့သော မှတ်ဉာဏ်ထဲက လမ်းအတိုင်း ရှောင်ဟူလီ ဆောင်ကြာမြိုင်ဆီသို့ သွားနေလိုက်သည် နန်းတော်အတွင်းတွင်ကဲ့သို့ ဟိုဟိုဒီဒီကို ဝေါယာဥ်နှင့် နန်းပြင်တွင် သွားမရပေ
မြေပုံမှတ်ဉာဏ်ပေးလျှက် သူ့ကိုထားခဲ့ပြီး သူ့လင်တော်နဲ့ သွားချိန်းတွေ့နေတာကို စဉ်းစားမိတော့ ရှန်းယွီဖေးမျက်နှာက မဲ့ခနဲ ဖြစ်သွားသည် သူ့မှာတော့ လူကြီးဆီက ပြန်တောင် အချော့မခံရသေးဘူး ဒီသောက်systemထဲ ထပ်ပြန်ရောက်လာတယ် စောက်ကျိုးနည်း ကံကြမ္မာ...
အရင်အတိုင်းပဲ ထပ်ဆဲလိုက်အုံးမယ် သောက်အထက်လူကြီးတွေ မျိုးနဲ့ရိုးနဲ့ကို B ထိုင်ရပါစေ....
သူပျစ်ပျစ်နှစ်နှစ် ဆဲနေတုန်းမှာပဲ သူ့နဖူးပေါ် က ထိတွေ့မှုကို ခံစားလိုက်ရတယ် တစ်ဆက်တည်းမှာပဲ ဘေးက ဘုရင်ဆီကနေ
"နေမကောင်းဘူးလား ဖျားတော့မဖျားပါဘူး"
သူ့နဖူးပေါ်က လက်ကို ဖယ်လိုက်ပြီး
"ဘာမှမဖြစ်ပါဘူး"ဒီလိုနှင့် သူတို့ ဆောင်ကြာမြိုင် ရှေ့အပေါက်ဝ ရောက်တော့ ကုထျန်းဟန်သည် ဘေးက ကလေးအား မျက်မှောင်ကြုတ်ကြည့်လျက် မထင်မှတ်ပဲ သူ့အသံက အေးစက်လာကာ ခပ်တိုးတိုးပြောလိုက်သည်
"မင်းကိုယ်မင်း ဒီတိုင်းပြည်ရဲ့ မိဘုရားဆိုတာသိသေးရဲ့လား ပြီးတော့ မင်းက အပျော်မယ်ဂေဟာလာတာကို ကိုယ်တော့်ကိုပါ ခေါ်လာတယ် မထီမဲ့မြင်ပြုလှချည်လား.."
ရှန်းယွီဖေးတို့ကလည်း ဒါမျိုးဆို ငြိမ်ခံမနေနိုင်ပါဘူး လက်ကို ပိုက်လျှက် ခါးကိုကော့ ခေါင်းကော့မော့လျှက် မျက်ခုံးတစ်ဖက်ပင့်ကာ
"မထီမဲ့မြင်ပြုတယ်? စွတ်စွဲလှချည်လား ကိုယ့်ဘာသာ သွားမယ်ပြောတုန်းက ဘယ်သူက လိုက်မယ်ပြောတာလဲ? အစောင့်တယောက်လောက်ထည့်ပေးရုံပဲ လို့ ပြောတာကို ဘယ်သူက အတင်းလိုက်လာတာလဲ...ဘယ်သူမှားလဲ ဆိုတာလဲ ဆန်းစစ်ကြည့်အုံး လူကို ငေါက်လားငမ်းလားနဲ့"
YOU ARE READING
ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)