Unicode...
မူလကိုယ်မှာ ဒီလိုညီအစ်ကိုတွေရှိတာ တကယ်ကောင်းတာပဲ ဒီလိုလူတွေနဲ့ မူလကိုယ်ကို သတ်တာက အဲ့ဇာတ်လိုက်ကောင်ရော သူ့ကောင်မရော ကန်းပြီး မနာလိုနေကြတာနေမာ ညှောင့်ကို ညှောင့်ပစ်အုံးမယ်
"ဟင့်..တိတိ...အစ်ကိုတော်လေ ဟင့်....တိုင်စရာရှိတယ်သိလား..ဟင့်..."
သူတို့၏ အငယ်လေးမှာ အလွန်စကားနည်းပြီး ဤကဲ့သို့ ချွဲပြီးကလေးလေးကဲ့သို့ တိုင်သည်မှာ မရှိပါ အမြဲ ခေါင်းငုံ့ခံလွန်းပြီး အနစ်နာလည်းခံ သည်းခံခြင်းလည်းရှိပြီး ရေငုံနှုတ်ပိတ်ရှိသောကြောင့် သူတို့ကျန်မောင်နှမများက ပိုတိုးလို့ ဂရုစိုက်ကြရသည် ဤကဲ့သို့ ချွဲနွဲ့ကာ သူတို့ကို ခေါ်သည်မှာ မရှိပါ ရှန်းဟဲ့မင်အား အစ်ကိုတော်...ရှန်းလဲ့ယွီအား အစ်မတော်...ရှန်းမင်ထျန်းအား ညီငယ်တော်...ဤကဲ့သို့သာ စာအုပ်ကြီးအတိုင်းခေါ်လေ့ ရှိသည် ...ယခု အငယ်လေးမှ ချွဲချွဲနွဲ့နွဲ့ခေါ်ခြင်းလည်း ခံရ၊ တိုင်စရာရှိတော့လည်း သူ့ညီတော်ကို တိုင်မယ်ဆိုသဖြင့် အကြီးနှစ်ယောက်၏ မျက်စောင်းက ရှန်းမင်ထျန်းထံ ဒိုင်းခနဲ
ရှန်းမင်ထျန်းကား ထိုအကြည့်တို့အား ဂရုမစိုက်ပဲ ပျားရည်အိုးထဲ နှစ်ချခံလိုက်ရသကဲ့ မျက်နှာမှာ ချိုမြနေကာ ရှားရှားပါးပါး အပြုံးကြီးပြုံးကာ
"တိုင်စေဗျာ..အစ်ကိုတော်က သတ်စေချင်တဲ့သူကို လက်ညှိုးထိုးလိုက် ကျုပ်အဲ့လူကို ခုချက်ချင်း လက်စဖျောက်ပေးမယ်..."
ရှန်းယွီဖေးမှာ တစ်ဖန် သူ၏ အစ်မတော်ထဲလှည့်ကာ နှုတ်ခမ်းဆူလျက် ပြောလာပါသေးသည်
"အင့်..မမ...မမပါ ကူရှင်းပေးရမာ...မမကိုလည်းပြောပြစရာရှိသေးတယ်..."
ရှန်းလဲ့ယွီမှာ အစ်ကိုတော်အကြီးဆုံး၏ နဂါးလိုမျက်စောင်းအား ဂရုမစိုက်အားပဲ
"ပြောစေရှင်...အငယ်လေးက တိုင်းပြည်တစ်ခုလိုချင်တယ်ဆိုရင်တောင် ဒီကမမက အဲ့တိုင်းပြည်ကို သွားတိုက်ဖို့ အသင့်ပဲရှင့်"
ရှန်းဟဲ့မင်တော့ တော်တော်ကို အူတိုနေပါပြီနော်... အငယ်လေးက သူ့ကို များစိတ်ကောက်နေတာလားး မဖြစ်ဘူး အငယ်လေးစိတ်ကောက်လို့ မဖြစ်ဘူး သူတွေးနေတုန်းမှာပင်
YOU ARE READING
ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)