Unicode
ဟွမ်ရှောင်း အဆောင်တွင်ဖြစ်သည်။ အမည်က ဘာကြောင့် အဝါရောင်ဆိုတဲ့ဟွမ်နဲ့ ရှောင်းဆိုတာကို ပေါင်းထားမှန်း သူနားမလည်ပါ ထားပါ သူအဆောင်မှာ နေရင်းအတော်ကိုပျင်းရိနေရသည် ရောက်ရောက်ချင်းထင်ထားသည်က ကိုးရီးယား နန်းတွင်းဒရမ်မာတွေထဲကလို နေ့ချင်းညချင်း အခြားကိုယ်လုပ်တော်တွေက သူ့ကို ပြသနာလာရှာမည်ပေါ့ သူက အပျင်းပြေမယ်ပေါ့ အခုတော့ တစ်ပတ်သာကုန်လွန်သွားသည် မည်သည့် ကိုယ်လုပ်တော်မျှလဲ ရောက်မလာပေ သူ့ရဲ့အဆောင်ဟာ ခြောက်ကပ်နေလျက်
'Xian မင်းစဉ်းစားကြည့်စမ်း ဒီကမ္ဘာကို လူကြီးက ငါစိတ်ကောက်နေတယ်ဆိုပြီး သူပါပြန် ကောက်ပြီး လိုက်မလာတာများလား '
[ဗရမ်းဗတာနဲ့hostရယ် အရှင်က လိုက်လာလောက်မှာပါ]
'လိုက်လာလောက်မှာပါ? မင်းဟာက မသေချာ မရေရာကြီး'
[အာ့ဆို hostအဲ့နေ့က အရှင်က hostကို မချစ်တော့ဘူးဆိုတာ ဘာစကားတုန်း ဘဝပေါင်းများစွာ သူက hostနောက် တကောက်ကောက်လိုက်ပြီး ချစ်ပေးနေတာကို]
ရှန်းယွီဖေးမျက်နှာက ငေးမှိုင်သွားလျက် ပြတင်းပေါက်မှနေ၍ လှမ်းမြင်ရသော ပန်းပင်ငယ်တို့ကို ကြည့်ရင်း သက်ပြင်းချကာ
'ငါမပြောပြချင်ဘူး Xianရာ ပြောရင် နောက်တစ်ခါ အသဲကွဲလိမ့်မယ်'
[Hostကလည်း host လည်း အရှင့်ကို မုန်းနေတာမှ မဟုတ်တာ ပြသနာ အရင်းအမြစ်ကို သေချာစဉ်းစားပါအုံး အရှင်နဲ့ပက်သက်ရင် hostကွန်ဖီးဒန့်ကို အရမ်းဟိုက်နေတာပဲကို]
'မင်းထင်လို့ပါ အမှန်တကယ် တစ်ခါတလေ တွေးမိရရင် ငါက သူနဲ့မတန်ဘူးလို့ခံစားရတယ် သူက အရာရာ ပြည့်စုံနေတဲ့သူ ငါကလည်းမပြည့်စုံတဲ့သူမဟုတ်ပေမဲ့ သူလိုလူမျိုးက ငါနဲ့မတန်ဘူးလို့ ခံစားနေရတုန်းပဲ'
Xian ခံစားမိပါသည် hostနဲ့ အလုပ်တွဲလုပ်လာတာ ကြာပြီဖြစ်တဲ့အတွက် hostအကြောင်းကို သူသိသင့်သလောက်တော့ သိသည် hostက အရာရာမှာ စိတ်မာပြီးဆုံးဖြတ်ချက်ပြတ်သားသည် သူကိုယ်သူ ယုံကြည်မှုကလည်းထိပ်ဆုံးမှာ အဲ့ရက်ပိုင်းမှာ သူကိုကိုနဲ့ သွားတွေ့နေစဉ် hostကို တစ်ယောက်ယောက်က တစ်ခုခုပြောလိုက်တာများလား
YOU ARE READING
ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)