#Unicode
ဆေးရုံအခန်းထဲ၌ အေးချမ်းစွာဖြင့် အိပ်ပျော်နေခဲ့သော မင်းသားငယ် ထယ်ယောင်း....။
ဆရာဝန်ထံမှ ရှော့ခ်ဖြစ်ပြီး သတိလစ်သွားခဲ့တာမို့ တစ်ခြားစိုးရိမ်စရာမရှိပါဘူးဟူသည့် အဖြေကို ကြားခဲ့ရသည်။အခုတော့ အားဆေးသွင်းပေးထားတာမို့ နှစ်ခြိုက်စွာဖြင့် အိပ်ပျော်နေသော မင်းသားလေးကို မြင်မှ ဂျောင်ဂုစ်ိတ်သက်သာရာရတော့သည်။
တကယ်ကို မမျှော်လင့်ထားတဲ့ အခြေအနေမို့ အများကြီး လန့်ခဲ့ရတာ ကိုယ်ကိုတိုင်ပဲ အသိဆုံးမဟုတ်လား။"ဂျောင်ဂု....သားငယ်ရဲ့ အခြေနေဘယ်လိုရှိလဲ..?"
အခန်းထဲသို့ အလျင်မြန်ဝင်ရောက်လာသော သခင်ကြီးက မေးလည်းမေးရင်း ထယ်ယောင်းအနားသို့လည်း အပြေးလေးရောက်သွား၏။
သခင်ကြီးရဲ့အနောက်မှာတော့ အိမ်တော်ထိန်းလီအပြင် ထယ်ယောင်းနဲ့ မျက်နှာပေါက်ချင်းဆင်တူသည့် မိန်းကလေးနှစ်ယောက်ကိုပါ တွေ့လိုက်ရသည်။
ကြည့်ရတာ ထယ်ယောင်း၏အစ်မနှစ်ယောက်ဖြစ်မည်။"ဘယ်လိုဖြစ်ရတာလဲ သားငယ်ရယ်...အဖေဖြင့် စိတ်ပူသွားတာပဲ.."
အိပ်ပျော်နေသောထယ်ယောင်းရဲ့ နဖူးပေါ်ကဆံပင်လေးတွေကို သပ်တင်ပေးရင်း စိတ်မကောင်းသည့်လေသံဖြင့် သခင်ကြီးက ခပ်တိုးတိုးရေရွတ်သည်။
"မင်းသားလေးက သွေးတွေကို မြင်ပြီး ရှော့ခ်ရသွားခဲ့တာပါ..."
"သွေးတွေ..?ထိခိုက်မိလို့လား..?"
"မဟုတ်ပါဘူး....ရုတ်တရက် နှာခေါင်းသွေးလျှံရာကနေ ဖြစ်သွားခဲ့တာပါ..."
ဂျောင်ဂုပြောပြလိုက်တော့ တစ်စုံတစ်ခုကို တွေးနေခဲ့သည့် သခင်ကြီး။
ထို့နောက် သက်ပြင်းချကာဖြင့် ထယ်ယောင်းကို ငေးကြည့်လို့နေပြန်သည်။"အဖေ...မောင်လေးက အရင်ကလို ပြန်ဖြစ်နေခဲ့တာ ထင်တယ်..."
ဆံပင်ရှည်တွေကို ချထားသောမိန်းကလေးက ဝင်ပြောတော့..
"မဖြစ်နိုင်တာ ဒီလောက်အချိန်တွေအများကြီး ကြာနေခဲ့ပြီပဲကို..!"
"စိတ်ဒဏ်ရာဆိုတာက လွယ်လွယ်နဲ့မပျောက်နိုင်ဘူး အဖေ....မောင်လေးခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာက သေးသေးလေးမှ မဟုတ်ခဲ့တာ..."