#Unicode
"မင်းသားလေး နိုးနေပြီလား.."
သခင်မကြီး၏ အမေးကို အိမ်တော်ထိန်းလီမှ သွက်လက်စွာပင် ပြန်ဖြေလိုက်၏။"မင်းသားလေးက စာမေးပွဲရှိတာကြောင့် မနက်အစောကြီးတည်းက ကျောင်းကို ထွက်သွားပါတယ် သခင်မကြီး..."
"မနက်စာရော စားသွားရဲ့လား.."
"ကျောင်းမှာပဲ စားမယ်လို့ပြောပါတယ်....ထမင်းဘူးထည့်ပေးဖို့လုပ်ပေမယ့် မင်းသားလေးက မယူသွားပါဘူး..."
အိမ်တော်ထိန်းရဲ့ စကားကြောင့် ထယ်ယောင်း၏ အဖွားမှာ သက်ပြင်းသာချမိသည်။ဟိုနေ့ကပြဿနာဖြစ်ပြီးနောက်ပိုင်း ထယ်ယောင်းက သူမနဲ့စကားလည်းမပြောသလို မျက်နှာချင်းဆိုင်မတွေ့အောင်လည်း ရှောင်ဖယ်လို့နေခဲ့သည်။
သူမလည်းပဲ ထယ်ယောင်းက်ို ဆူပြီးသည့်အခါတိုင်း စိတ်မကောင်းဖြစ်ရပါသည်။ဒါပေမယ့် သူမ မကြိုက်တာကိုတော့ပြတ်ပြတ်သားသား တားမြစ်ချင်တာမို့ ဒီလိုကတောက်ကဆတွေဖြစ်နေရခြင်း ဖြစ်သည်။"မနက်စာသုံးဆောင်လို့ရပါပြီ သခင်မကြီး..."
"မင်းတို့ သခင်ကြီးအတွက်သာ ပြင်ပေးလိုက်ပါ....ငါ စားချင်စိတ်မရှိလို့ အခန်းထဲမှာပဲ နားတော့မယ်.."
"နေမကောင်းလို့လား သခင်မကြီး...ကျွန်တော် ဆရာဝန်ခေါ်ပေးရမလား.."
"ရတယ်...ရတယ်...ဒီအတိုင်း ဗိုက်မဆာလို့ပါ...စိတ်မပူပါနဲ့.."
မျက်နှာမကောင်းစွာဖြင့် အခန်းဆီသို့ ပြန်ထွက်သွားခဲ့သော သခင်မကြီးရဲ့နောက်ကျောကို ကြည့်၍ ဒီတစ်ခါသက်ပြင်းချမိသူက အိမ်တော်ထိန်းလီသာ ဖြစ်၏။
မြေးဖြစ်သူကို မချစ်တာလည်းမဟုတ်ပဲ ခနခနစိတ်ထိခိုက်အောင် လုပ်၏။ထယ်ယောင်းလေးကို ငယ်ငယ်တည်းက အရိပ်တစ်ကြည့်ကြည့်နဲ့အကုန်လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတက်ပေမယ့် တယောနဲ့ပက်သက်ရင်တော့ အခြားသူတစ်ယောက် အစားထိုးလိုက်သလ်ိုမျိုး ဒေါသထွက်ကာ အပြင်းထန် တုံ့ပြန်သည်။
မင်းသားငယ်ကလည်း သူ၏မိခင်နဲ့တစ်ထေရာတည်းတူသူမို့ ခေါင်းမာသည်။ထို တယောကိစ္စနဲ့ပက်သက်လာလျှင် အဖွားဖြစ်သူနဲ့ စကားများကြစမြဲ...။
အမြဲတမ်း လွတ်လပ်ခွင့်မရသော မင်းသားငယ်ကို သနားပေမယ့်လည်း တစ်ဖက်မှာ သခင်မကြီးဘာကြောင့် ဒီလိုကန့်ကွက်နေရသလဲဆိုသည့် စိတ်ကိုပါ နားလည်နေသော အိမ်တော်ထိန်းလီအဖို့ နှုတ်ဆိတ်နေရုံမှတစ်ပါး မတက်နိုင်ခဲ့ပါ....။
.
.
.
.
.
အခန်းထဲသို့ ပြန်ဝင်လာခဲ့သော ထယ်ယောင်း၏အဖွားဖြစ်သူမှာလည်း စိတ်မပျော်ပဲဖြစ်နေရသည်။
အိပ်ယာဘေး စားပွဲပေါ်၌ထောင်ထားသော မိသားစုဓါတ်ပုံလေးကိုယူ၍ တွေဝေစွာ စိုက်ကြည့်နေမိပြန်တော့ အတိတ်က ဖြစ်ရပ်တွေကို တွေးမိပြန်သည်။