#Unicode
"မမကြီး ကျွန်တော် ဝင်လာခဲ့မယ်နော်..."
အခန်းတံခါးကို ဖွဖွခေါက်ရင်း အသံပေးကာ ထယ်ယောင်းဝင်သွားလ်ိုက်တော့ မမကြီးက စာအုပ်ဖတ်နေရာကနေ လှည့်ကြည့်လာသည်။
"အော...ယောင်းလေး လာလေ.."
"အဖွားက မမကြီးအတွက် ဆေးနဲ့နွားနို့က်ို ပို့ခိုင်းလိုက်တယ်....ညနေစာလည်း ကောင်းကောင်း မစားဘူးဆ်ို...နေမကောင်းလို့လား.."
"နေကောင်းပါတယ်....မမကြီး စားချင်စိတ်မရှိလို့ ယောင်းရယ်..."
"ကလေးလေးရော အဆင်ပြေပြေရှိနေတယ်...ဟုတ်.."
"အင်း မနေ့ကပဲ ဆေးရုံမှာ OG အပ်ခဲ့ပြီးပြီ....အားလုံးအဆင်ပြေပါတယ်.."
"ပျော်လား...မမကြီး ကလေးလေးရောက်လာတော့မယ်ဆိုတော့လေ.."
"ပျော်တာပေါ့ ယောင်းရဲ့....ကိုယ့်သွေးသားနဲ့ဖြစ်တည်လာတဲ့ ကလေးလေးပဲဟာ..."
စကားနဲ့ကွဲပြားစွာ ညိုးငယ်နေတဲ့မျက်ဝန်းတွေက ပျော်နေတာမျိုးတော့ မဟုတ်။
မမကြီးက ညာနေတာ....ကျွန်တော်က ဆောဝန်းအကြောင်းကိုသိထားပေမယ့် ဘယ်လိုစိတ်နဲ့ပြောပြရပါ့မလဲ?"မမကြီး....မမလတ်ရှ်ိတဲ့ Singapore မှာ သွားနေမလား.."
နောက်ဆ်ို ဒီထက်ပိုပြီးစိတ်ထိခိုက်စရာတွေကြုံလာရမှာမို့ အစ်မဖြစ်သူကိုတော့ မထိခိုက်စေချင်ပါ။
"ဘာလို့လဲ ယောင်းလေး.."
"ဒီအတိုင်း....မမကြီး နေချင်မလားလို့ပါ.."
"မမကြီး စဥ်းစားကြည့်ပါ့မယ်...ပြီးတော့လေ ယောင်း..."
ခေါ်ပြီးမှ ဆက်မပြောသော အစ်မဖြစ်သူကြောင့်..
"ပြောလေ မမကြီး.."
"ဟင့်အင်း...ဘာမှမဟုတ်တော့ပါဘူး.."
"လိုအပ်တာရှိလည်းပြောနော် မမကြီး...ကျွန်တော်က အကုန်ဖြည့်ဆည်းပေးမယ်...ကျန်းမာအောင်ပဲနေ.. "
"ငါ့မောင်လေးက ပင်ပန်းလှပါပြီ...အဖေ့နေရာကိုတာဝန်ယူထားတာနဲ့တင် ပင်ပန်းနေပြီလေ....မျက်နှာလေးတောင် ချောင်ကျသွားပြီ.."