#Unicode
ခပ်မှိန်မှိန်မီးရောင်သာ ထွန်းထားသော မြေအောက်ခန်းတစ်ခု။
ထိုအခန်းကျဥ်းထဲရှိ ဆုံလည်ကုလားထိုင်ပေါ်တွင် ထိုင်နေသော လူတစ်ယောက်က ဝင်ပေါက်ကို ကျောပေးထိုင်နေလျက်ရှိနေ၏။
ခနအကြာ အနက်ရောင် တူညီဝတ်စုံတွေသာ ဝတ်ဆင်ထားသည့် လူနှစ်ယောက်က အခန်းထဲသို့ ရောက်ရှိလာလေသည်။
အနက်ရောင် လက်ဆွဲသေတ္တာတစ််ခုအား စားပွဲပေါ်သို့ တင်လိုက်ပြီးနောက်.."ပစ္စည်းတွေရောက်လာပါပြီ ဆရာ.."
လှည့်ကြည့်လာသော ကုလားထိုင်ထက် ထိုင်နေသူက ဆောဝန်း....
လက်ဆွဲသေတ္တာထဲကို ဖွင့်ကြည့်တော့ တရားမဝင်မူးယစ်ဆေးပြားတွေကို အိတ်နဲ့စီ၍ ထည့်ထားတာကို တွေ့လိုက်ရသည်။"ပစ္စည်းတွေက သေချာရဲ့လား...?"
အထုပ်တစ်ထုပ်ကို ဆွဲကိုင်ကာဖြင့် သံသယမေးခွန်းထုတ်လိုက်မိတော့...
"သေချာတာပေါ့...ဒါက ငါတို့ဆီက အကောင်းဆုံး blue ပဲလေ..."
ဆောဝန်းက မျက်စိရှေ့က တပည့်နှစ်ယောက်ကို မေးလိုက်တာဆိုပေမယ့် အခန်းထဲဝင်လာရင်း ဖြေလိုက်သူက မာဖီးယားလောကထဲက ဆေးခြောက်ရောင်းသည့် ခေါင်းဆောင်ဖြစ်၏။
လူမိုက်ပီပီ ဆေးလိပ်ကိုခဲရင်း ဝင်လာပြီး မီးရောင်အောက်မှာမို့ လည်ပင်းနား၌ ထိုးထားသော နဂါးပုံတက်တူးကို ထင်ရှားစွာ မြင်နေရသည်။"ဟ ငါ့ဘော်ဒါကြီးက ကိုယ်တိုင်ရောက်လာပါလား..."
"မင်းကို မတွေ့တာကြာပြီမို့ တွေ့ရအောင် လာလိုက်တာပဲ...ဒီတစ်ခေါက် ပစ္စည်းသစ်နဲ့ဘယ်လိုလဲ အဆင်ပြေရဲ့လား..."
"ပြေတယ် ငါ့လူရဲ့ ...ဒါကြောင့်လည်း ထပ်ပြီး လာယူတာပေါ့.."
"ငါက မင်း ယောက္ခမအိမ်ပေါ်မှာနေနေတာဆိုတော့ မလာလောက်သေးဘူးပဲ ထင်နေတာ..."
ဆောဝန်းအကြောင်းကို သေချာသိနေသူမို့ ပြုံးရုံသာပြုံးနေလိုက်သည်။
ဘိုးတော်သာသိရင် သူ့သမီးနဲ့ပါ ကွာရှင်းခိုင်းမှာ ကျိန်းသေပေါ့။ဘိုးတော်မသိအောင် အကုန်ဖုံးထားပြီး လုပ်ခဲ့တာကလည်း သူ့သမီးနဲ့ကွာရှင်းရမှာ ကြောက်လို့မဟုတ်ပဲ ရစရာတွေမရပဲ နှင်ထုတ်ခံရရင်တော့ သိပ်မဟန်ဘူးလေ။