#Unicode
ရင်ခွင်ထဲမှာပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သော ကျွန်တော့်ရဲ့ နှလုံးသားလေး။
ဟောက်သံပိစိလေးတွေတောင်ထွက်လို့နေပြီးပင်ပန်းနေရဲ့သားနဲ့ ဟန်ဆောင်ကာခေါင်းမာနေတဲ့ အဆိုးလေးကို သက်တောင့်သက်သာဖြစ်အောင် ဆ်ိုဖာပေါ်အသာလှဲချပေးလိုက်သည်။
ထို့နောက် စောင်အစား ကျွန်တော့်ရဲ့အပေါ်ကုတ်အင်္ကျီကိုချွတ်ကာပင် ခြုံထားပေးလိုက်သည်။နိုးလာတဲ့အခါ နမ်းမိခဲ့တာကို အပြစ်တင်ပြီး စိတ်ဆိုးလေဦးမလား။
ဒါပေမယ့်လည်း ပြန်လည်တုံ့ပြန်မှုတွေကို ခံစားမိခဲ့တာမို့ မင်းလည်းကိုယ့်ကို သဘောကျနေခဲ့တယ် မဟုတ်လား။
မမျှော်လင့်ရဲခဲ့ပေမယ့် ဒီတုံ့ပြန်မှုလေးက ဂျောင်ဂုကို ရှေ့ဆက်နိုင်ဖို့ တွန်းအားသေးသေးလေးပါပဲ။လူလေးနဲ့မလိုက် တာဝန်တွေကြားပိနေတဲ့ ကောင်လေးက်ို တစ်နေ့မှာ သူလ်ိုချင်တဲ့လွတ်လပ်မှုလေး ပိုင်ဆိုင်နိုင်ဖို့ ကျွန်တော်ကပံ့ပ်ိုးနိုင်သလောက် ပံ့ပ်ိုးသွားမှာ။
ဒါကြောင့် ချစ်တာတွေ ဝန်ခံတဲ့အခါ မင်းဘက်က မငြင်းပယ်ကြေး...။"ဟင့်အင်း~ မဟုတ်ဘူး...ငါ ..ငါ တောင်းပန်ပါတယ်!"
ခပ်တိုးတိုးယောင်နေသံနဲ့အတူ မျက်ခုံးတန်းတွေ စုကျုံ့ကာခေါင်းကိုယမ်းနေသည်မို့ အိမ်မက်ဆိုးတွေမက်နေပြန်ပြီဆိုတာ နားလည်လိုက်သည်။
စိတ်ဖိစီးမှုတွေကြောင့် ဒိီအတိတ်ဆိုးတွေက အိမ်မက်အဖြစ် ပေါ်လာပြန်ပြီနေမှာ.."ဘာမှမဖြစ်ဘူး....ကိုယ်ရှိတယ် ကောင်လေး...မင်းနားမှာ ကိုယ်ရှိနေပါတယ်..."
လက်ဖဝါးတစ်ဖက်ကိုဆုပ်က်ိုင်၍ နားထင်လေးကို ဖွဖွနမ်းကာ အသံပေးလိုက်တော့ ရေရွတ်နေတာတွေရပ်ကာ ပြန်လည်ပြီးငြိမ်ကျသွားခဲ့သည်။
အဲ့ဒီအိမ်မက်ဆိုးက်ိုရော ,အတိတ်ဆိုးကိုပါ မေ့နိုင်အောင် လုပ်ပေးမှာမို့ ပင်ပန်းလည်းပဲ တောင့်ခံပေးပါ။"Ring~Ring~"
ဂျောင်ဂုထံ ဝင်လာသည့်ဖုန်းသံ။
ခေါ်ဆ်ိုသူက ရှင်းမီဟို...
မင်းသားငယ် နိုးမသွားစေရန် ခပ်လှမ်းလှမ်းသို့သွားကာ ဖုန်းကိုဖြေလိုက်သည်။