#Unicode
"ဟာကွာ....တောက်ခ်..!"လည်ပင်းမှ Necktie ကို စည်းနေသော်လည်း စိတ်တိုင်းကျဖြစ်မလာသောကြောင့် ထယ်ယောင်း စိတ်တိုစွာပင် ကြမ်းပြင်သို့ ပစ်ချလိုက်မိသည်။
ထိုအပြုအမူကြောင့် အနားရှိ အိမ်အစေတွေက လန့်သွားကြ၏။ခုတင်အစွန်းမှာ ဝုန်းခနဲထိုင်ချရင်း နှာရိုးပေါ်ကို လက်ဖြင့် ဖိနှိပ်နေသည့် မင်းသားလေးရဲ့ပုံစံက အတော်လေးစိတ်တိုနေသည့်ပုံပဲမို့ တစ်ယောက်မှအနားမကပ်ရဲကြ။
ထိုအချိန်အလိုက်မသိသော အိမ်အကူတစ်ယောက်က အခန်းဝမှနေ၍..
"မင်းသားလေး...သခင်မကြီးက အသင့်ဖြစ်ရင် ဆင်းလာခဲ့ဖို့ ပြောလိုက်ပါတယ်.."
"ပြန်ပြောလိုက်....မသွားဘူးလို့..!"
ပြောပြီးတာနဲ့ ခုတင်ပေါ်ပက်လက်လှန်ကာအိပ်ချလိုက်တာမို့ အိမ်အကူမိန်းကလေးခမျာ ပြူးကြောင်ကြောင်လေး ရပ်ကြည့်နေမိသည်။
"ဟို.....ဟိုလေ...သခင်မကြီးက.."
"ရားးးးနင် ငါ့စကားကို နားမလည်တာလား...?မသွားဘူးလို့ ပြန်ပြောခိုင်းထားတယ်လေ.."
"ဒါ...ဒါပေမယ့်.."
အိပ်ယာပေါ်ကနေ ထထိုင်ပြီး မိမိကို စူးစိုက်ကြည့်ကာဖြင့် ပြောနေသော မင်းသားအကြည့်ကြောင့် စကားတွေက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေ၏။
"သိ...သိပါပြီ.."
"နင်တို့တွေလည်း အကုန်ထွက်သွား.."
လှစ်ခနဲ ပြန်ပြေးသွားသော အိမ်အကူမိန်းကလေးကြောင့် နဂိုတည်းက စိတ်တိုနေတာတွေက ပိုပြီးပေါက်ကွဲလို့လာတာမို့ အခန်းထဲက သူတွေကိုပါမဲကာ အော်ထုတ်လိုက်မိသည်။
လေပူတွေကို မှုတ်ထုတ်လိုက်ပြီးခုတင်ပေါ်လှဲချကာ နဖူးပေါ်လက်တင်၍ မျက်လုံးတို့မှိတ်ထားမိသည်။ဒီနေ့က အဖွားပြောသည့် ကောင်မလေးအား သွားတွေ့ရမည့်နေ့မို့ ပြင်ဆင်နေရတာ ကျွန်တော် စိတ်အိုက်လာပြီလေ။
မသွားချင်တာကို မရမက အတင်းကျပ်သွားခိုင်းနေသည့် အဖွားကြောင့် အရွဲ့တိုက်ပြိိီး သွားဖို့ပြင်နေသော်လည်း စိတ်အလိုမကျတာကြောင့် ခရီးမရောက်။
ထိန်းချုပ်မှုတွေနဲ့ရှင်သန်ရတာ ခက်ခဲလိုက်တာ...
.
.
.
.
.
ဂျောင်ဂုလှေကားပေါ် တက်လာတုန်း ကြားလိုက်ရသည့် မင်းသားလေးရဲ့ ခပ်စူးစူးအော်သံကို ကြားလိုက်ရတာမို့ လှမ်းကြည့်မိတော့ အခန်းထဲကနေခပ်သုတ်သုတ်ထွက်လာကြသည့် အိမ်အကူမိန်းကလေးတွေကို တွေ့လိုက်ရသည်။
ဒေါသအိုး မင်းသားလေးက စိတ်တိုနေပြန်ပြီထင်ပါရဲ့။