# Zawgyi
"မမကြီး မအိပ်သေးဘူးလား.."
ထယ်ယောင်း ရေသောက်ဖို့အောက်ထပ်ကိုဆင်းလာစဉ် ဧည့်ခန်းထဲ၌ မီးလင်းနေတာကို တွေ့တာကြောင့် ထွက်ခဲ့တော့ မမကြီးအားတွေ့ရသည်။
"အော..ယောင်းလေး...မင်းအစ်ကို ပြန်မရောက်လာသေးလို့လေ.."
"အခုတစ်လော အစ်ကိုဆောဝန်းက အိမ်ပြန်တာနောက်ကျတယ်နော်...တစ်ခါတစ်လေ အပြင်မှာညအိပ်နေတယ် မဟုတ်လား.."
"ဒီရက်ပိုင်းအရေးကြီးကိစ္စရှိတယ်လို့တော့ ပြောတယ်...ဖုန်းဆက်တော့လည်း မကိုင်ဘူးလေ...အဲ့ဒါနဲ့ မမကြီးကလည်း အိပ်မပျော်သေးတာနဲ့ ထိုင်စောင့်နေမိတာ...ယောင်းလေးရော...မအိပ်သေးတာလား.?"
"ကျွန်တော် ရေငတ်လို့ တစ်ရေးနိုးလာတာ မမကြီးရဲ့...ညလည်းနက်နေပြီမို့ အခန်းထဲဝင်အိပ်ပါတော့...အစ်ကိုဆောဝန်းလည်း ဒီချိန်လောက်ဆို ပြန်မလာတော့ဘူးထင်တယ်..."
"အင်း...ဟုတ်မှာပါလေ...ဖုန်းလည်းမဆက်တော့ စိတ်ပူနေမိတာ...မောင်လေးလည်း ပြန်အိပ်တော့လေ...မမကြီးလည်း အခန်းထဲဝင် အိပ်တော့မယ်.."
ခပ်နွမ်းနွမ်းလေးပြုံးပြလျက် မမကြီးက ထွက်သွားခဲ့သည်။
အားမရှိသလိုဖြစ်နေသော အစ်မဖြစ်သူကိုကြည့်ပြီး ထယ်ယောင်းမှာ အားမလိုအားမရခြင်းတွေ ဖြစ်မိသည်။
ဆောဝန်းဆိုသည့်လူကရော ဘယ်ခြေလှမ်းတွေလှမ်းနေလို့ ဒီလိုညနက်သည်အထိ ပြန်မရောက်သေးတာလဲ?အလုပ်ကို အကြောင်းပြပြီး အိမ်ပြန်နောက်ကျနေတာက တစ်ရက်နှစ်ရက်မကတော့တာကို ထယ်ယောင်း သတိထားမိသည်။
အိမ်မှာ အဖွားနဲ့အဖေမရှိတာမို့ စည်းကမ်းမရြှိဖစ်နေတာပဲ။
မဖြစ်တော့ဘူး...ဒီလူဘာတွေကြံနေလဲဆိုတာကို စုံစမ်းရတော့မည်။
.
.
.
.
.
.
.
.
တစ်ဖက်က အခန်းထဲမှာလည်း မနက်တစ်နာရီထိုးတော့မှာ ဖြစ်ပေမယ့် အိပ်မပျော်ပဲ အတွေးများနေခဲ့သော ဂျောင်ဂု။
မျက်လုံးတွေ မှိတ်တိုင်း မင်းသားငယ်ရဲ့ မျက်နှာလှလှကို မြင်ယောင်နေတာမို့ ခက်နေပြီရယ်။တစ်ဖြေးဖြေးနီးစပ်လာတယ်လို့ ထင်ရတဲ့ မင်းသားလေးရဲ့ စိတ်ကို တွေ့ရပေမယ့် အပြည့်အဝမပျော်နိုင်။
သူနဲ့ကျွန်တော်ဟာအရမ်းကို ကွာခြားလွန်းတယ်မဟုတ်လားလေ။