#Unicode
"ကျေးဇူးပြုပြီး ငါ့ပုခုံးပေါ်က မင်းလက်တွေကို ဖယ်ပေးပါလား..."ရင်ခွင်ထဲကနေ ထွက်လာသည့် ဒေါသသံကြောင့် အခုထိ ဖက်ထားမိသောလက်တွေက်ို ဂျောင်ဂုလွှတ်ပေးလိုက်မိသည်။
"တောင်းပန်ပါတယ်.."
ဘာမှမပြောပဲ လည်ပင်းမှ မာဖလာကိုသာအကြောင်းမဲ့စွာ ပြန်ပြင်နေသော မင်းသား...
ရှက်နေပုံလေးကိုလည်း ကျွန်တော့်မှာ မြတ်နိုးမိပြန်တာပဲ။"အဟမ်း...ငါ ဟိုးက ဂီတပစ္စည်းတွေ ရောင်းတဲ့ဆ်ိုင်ကို ခနဝင်မယ်.."
မင်းသား ညွှန်ပြသည့်နေရာက ကားလမ်းရဲ့တစ်ဖက်မှာ ရှိသည့် တူရိယာပစ္စည်းတွေ ချိတ်ဆွဲထားသည့် ဆ်ိုင်လေးဖြစ်၏။
"ဟုတ်ကဲ့..."
ဂျောင်ဂု ဖြေလိုက်ပြီးနောက် ကားလမ်းကူးရန်အတွက် မီးနီလင်းသွားပြီမို့ နှစ်ယောက်အတူတူ လမ်းကူး၍ ထိုဆိုင်သို့ ရောက်ခဲ့ကြသည်။
တေးဂီတနဲ့ပက်သက်သည့် တူရိယာပစ္စည်းရောင်းသည့်ဆိုင်မို့ စန္ဒယား,တယော,ဂစ်တာ စသည်ဖြင့် အမျိုးစားအတော်လေးစုံသည်။
ဆိုင်အတွင်း လှည့်ပါတ်ကြည့်ရှုနေသော မင်းသာနောက်သို့ ဂျောင်ဂုလည်း ထပ်ကြပ်မကွာလိုက်ရင်း စန္ဒယားခုံက်ို တွေ့၍ ခေတ္တမျှ ရပ်ကြည့်နေမိသည်။
"မောင်ရင် တီးတက်ရင် အစမ်းတီးကြည့်လို့ရပါတယ်.."
သဘောကောင်းပုံရသည့် ဆ်ိုင်ရှင်ဦးလေးကြီးက ပြုံးပြလျက် ပြောလာသည်မို့ ဂျောင်ဂု ဝမ်းသာသွားရသည်။
"ကျေးဇူးပါပဲ ဦးလေးကြီး.."
"ရပါတယ်...ဒီစန္ဒယားက အစမ်းတီးချင်သူတွေအတွက် သီးသန့်ထားပေးထားတာ...တစ်ချို့ဆို သီချင်းတောင်ဆ်ိုကြသေးတယ်..."
"ဒါဆို ကျွန်တော်ရော ဆ်ိုလို့ရမလားဟင်...."
"ရတာပေါ့...."
ဦးလေးကြီးဆီက ခွင့်ပြုချက်ရပြီမို့ စန္ဒယားက်ို တီးကြည့်ရန်ပြင်လိုက်သည်။
မလှမ်းမကမ်းမှာ တယောတစ်လက်ကို ကိုင်ကြည့်နေသည့် မင်းသားက သူ့အာရုံနဲ့သူရှိနေ၏။
ကျွန်တော် သူ့က်ို သေချာပေါက် ဒီသီချင်းလေး ဆ်ိုပြချင်တယ်...။