#Unicode
"ဗျာ....!"ထယ်ယောင်းလက်ထဲက ဖုန်းဟာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားခဲ့လေ၏။
ဒါက ဘယ်လိုကံတရားရဲ့ ကျီစယ်မှုလဲ?
တုန်လှုပ်နေသော စိတ်အစုံကြောင့် အသိစိတ်တို့ကပ်မနေပဲ လူကကြက်သေသေနေမိသည်။"ယောင်းလေး...ဘာဖြစ်နေတာလဲ..?ဟင်....ငိုနေတာလား..?"
"မမကြီး...အဖေလေ~"
စကားသံတို့က ရှေ့ဆက်မလာပဲ တုန်တုန်ယင်ယင်။
"ပြောစမ်းပါ...အဖေ ဘာဖြစ်လို့လဲ.."
"ယာဥ်တိုက်မှုကြောင့် အခုဆေး...ဆေးရုံရောက်နေတယ်တဲ့....စိုးရိမ်ရတာမို့ အမြန်ဆုံးလာခဲ့ပေးဖို့ ဖုန်းဆက်လာတယ်.."
"ဘာ!!!အဖေ!! အဖေက!!"
အာမေဋိတ်သံနဲ့အတူတူ သတိလစ်သွားခဲ့သည့် မမကြီးကြောင့် ထယ်ယောင်းအပြေးလွှားထိန်းလိုက်ရသည်။
တစ်ပူပေါ် နှစ်ပူဆင့်ကာ စိတ်တွေ ယောက်ယတ်ခတ်ကုန်ရသည်။
ဝုန်းခနဲလဲပြိုသံတွေကြောင့် ဂျောင်ဂုအပြင် အဒေါ်ကြီးတို့မှာ ထွက်လာကြသည်။"အစ်ကိုဆောဝန်းရော အပေါ်ထပ်မှာရှိတယ်မဟုတ်လား...သွားခေါ်ပေး"
"ဟို စောနက မမလေးခေါ်လို့ အခန်းထဲရောက်ခဲ့ပြီးပါပြီ...အစ်ကိုလေးဆောဝန်းကမရှိပါဘူး..."
ဝင်ပြောလိုက်သောအိမ်အကူမိန်းကလေး၏ စကားကြောင့် ထယ်ယောင်း ရင်ထဲဒေါသတွေအလိပ်လိုက်တက်လာရသည်။
ဒီလူက ညတည်းက အိမ်ပြန်မအိပ်ခဲ့ပြန်ဘူးပေါ့။အခုအရေးအကြောင်းဆို ဘယ်လိုလုပ်ရပါ့မလဲ?
ဦးလေးကြီးကလည်း ခွင့်ရက်ဖြင့်နယ်ဘက်မှာရောက်နေသည်လေ..."ကျွန်တော်က အစ်မအွန်းယောင်းကိုမိသားစုဆရာဝန်ခေါ်ပြီး ပြပေးမှာမို့ မင်းသားလေးက အရေးကြီးတဲ့နေရာကို အရင်လိုက်သွားပါ.... "
ဂျောင်ဂုဝင်ပြောလိုက်တော့ ခနလောက်တွေဝေနေသေးသည်။
"ဒါဆို မမကြီးကို သေချာဂရုစိုက်ပေးပါဦး..အဒေါ်ကြီး သူလိုအပ်တာတွေကို ကူညီပေးလိုက်ပါ.."
"ဟုတ်ကဲ့ မင်းသားလေး.."
မမကြီးကို စိတ်မချမိသော်လည်း ဂျောင်ဂုရှိနေတာမို့ ထားခဲ့ပြီး သူကတော့ ဆေးရုံကို ပြေးရတော့မည်။