#Unicode
"ထယ်ယောင်း..နိုးနေပြီလား..."နံနက်ထမင်းဝိုင်းသို့ရောက်လာသော သခင်ကြီးက အမြဲတမ်း သူ၏သားငယ်ကိုအရင်မေးလေ့ရှိသည်။
"နိုးနေပါပြီ သခင်ကြီး ...ခနနေရင် ဆင်းလာခဲ့မယ်လို့ ပြောပါတယ်.."
သခင်ကြီး၏အမေးကို အိမ်တော်ထိန်းလီက အဖြေပေးလိုက်တော့ ခေါင်းငြိမ့်လျက် ထမင်းဝိုင်းမှာ ဝင်ထိုင်လေ၏။
"သြော်...ဒါနဲ့ ဘူဆန်က ကောင်လေးက်ို ခေါ်လိုက်ပါဦး...သားငယ်အတွက် မှာစရာရှိတာကို မှာထားဖို့ပါ..."
"ဟုတ်ကဲ့.....သခင်ကြီး.."
အိမ်တော်ထိန်းလီ ထွက်သွားပြီးသိပ်မကြာလိုက်...ဂျောင်ဂုနဲ့အတူတူ ပြန်ရောက်လာခဲ့သည်။
"ကျွန်တော် ရောက်ပါပြီ...သခင်ကြီး.."
"အင်း...မောင်ရင် ဒီနေ့ကစပြီး သားငယ်ရဲ့ တော်ဝင်သက်စောင့်အဖြစ် တာဝန်ထမ်းဆောင်ပါ...ကျောင်းသွားကျောင်းပြန်ရော,ကျောင်းတက်နေတဲ့ တစ်ချိန်လုံးမှာ သတိဝီရိယ အပြည့်ရှိပါစေ....ဘာလို့ အဲ့ဒီလိုပြောရတာလဲဆိုတော့ မမြင်နိုင်တဲ့ အန္တရာယ်ဆိုတာလည်း ရှိနိုင်ပြီး...လစ်ရင်လစ်သလို ပတ်ပြေးတက်တဲ့ သားငယ်ကြောင့် သေချာမှာတာပါ....အဲ့ကလေးက မထင်ရင်မထင်သလို နေတာမို့ သေချာစောင့်ကြည့်ပေးပါ....မနေ့တုန်းက သားနဲ့တွေ့ပြီးပြီမလား.."
"ဟုတ်ကဲ့...မင်းသားလေးနဲ့ကျွန်တော် တွေ့ပြီးပါပြီ....သခင်ကြီးပြောတဲ့အတိုင်း မင်းသားလေးကို စောင့်ကြည့်ပါ့မယ်...ပြီးတော့ စိတ်ချပါ...သခင်ကြီးပေးတဲ့တာဝန်မှန်သမျှကို ကျေပွန်အောင် ဆောင်ရွက်ပါ့မယ်.."
"ကြားရတာ ကျေနပ်တယ်ကွာ...မင်းက ကိုယ်ခံပညာတွေမှာတော်တော့ စိတ်ချပါတယ်...ဒါနဲ့ နေမကောင်းဘူးလား...မင်းကိုကြည့်ရတာ မနေ့ကထက် ပိုပြီးအားကုန်နေသလိုပဲ.."
မင်းသားလေးရဲ့ လက်ချက်ကြောင့်ပေါ့လို့ စိတ်ထဲကနေ အလိုလို ရေရွတ်လိုက်မိ၏။
"ခရီးနည်းနည်းပန်းသွားလို့ဖြစ်မှာပါ သခင်ကြီး...."
"အေးကွယ်...သေချာဂရုစိုက်ဦး....ဒီနေ့လည်းတစ်နေကုန် သားရဲ့ကျောင်းမှာ ရှိနေရမှာဆိုတော့.."