#Unicode
"ဒုတ်..!!"
အနီရောင်နှုတ်ခမ်းပါးဆီ ထိကပ်ခါနီး ဒုတ်ခနဲမြည်သံနဲ့အတူတူ နှာခေါင်းရိုး မှ နာကျင်သွားရပြီး ဂျောင်ဂုမျက်လုံးထဲ ကြယ်တွေလတွေမြင်သွားရ၏။
လူကပက်လက်လှန်လဲကျသွားပြီးနောက် အတော်လေးအီစလံဝေသွားသော နှာခေါင်းရိုးကိုသာ ဖိကိုင်ထားမိသည်။
စျေးပျစ်ပျစ်အရည်အချို့ကြောင့် လက်ကို ဖြန့်ကြည့်မိတော့ သွေးတွေဖြစ်နေ၏။
အသိစိတ်လွတ်သွားသည့် ကျွန်တော့်အား မင်းသားမှ သူ၏နဖူးဖြင့် နှာခေါင်းကို ပစ်ဆောင့်လိုက်တာလေ..
မျက်နှာလေး လှသလောက် နည်းနည်းလေးမှ ညင်ညင်သာသာရှိမနေဘူး။လူကောင်သေးသလောက် အားကလည်းသန်သေး...
ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။
မာနမင်းသားအချေလေးကိုမှ စိတ်လွတ်ပြီး နမ်းဖို့ကြိုးစားမိရတယ်လို့..ဒီနေရာမှာတင် ခေါင်းမပြုတ်သွားတာပဲ ကံကောင်း။
မင်းသားလေးကတော့ ရှက်၍လား...ကျွန်တော့်ကို စိတ်ဆိုးသွား၍လား မပြောတက်။
နဖူးကိုဆောင့်ပြီးတည်းက ထပြေးသွားတာ အရိပ်အယောင်ကို မမြင်ရတော့ချေ။မရည်ရွယ်ပဲ လုပ်မိတယ်ဆိုပေမယ့် သဘောကျနေမိတဲ့စိတ်ကတော့ အမှန်မို့ ခက်တော့ခက်သည်။
တုံးခုလှမ်းရင်တောင် ခွေးကျကျနိုင်သည့် မိုးနဲ့မြေအနေအထားလိုမျိုးကို မင်းက စိတ်ကူးယဥ်နေတာပဲ ဂျွန်ဂျောင်ဂုရေ...။
နည်းနည်းလောက် အသိစိတ်ကပ်စမ်းပါဟ...။အခုတော့ ညနေကျ ဘယ်လိုတောင် မျက်နှာချင်းဆိုင်ရမလဲ မတွေးတက်တော့ဘူး။
"ဟေး...နင်က ဂျွန်ဂျောင်ဂုဟုတ်တယ်မလား..."
နှာခေါင်းမှသွေးတွေကို သုတ်နေတုန်း ကြားလိုက်ရသည့် ခေါ်သံကြောင့် လှည့်ကြည့်မိတော့ ဆရာဝန်ဂျူတီကုတ်ကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး။
"ကျွန်တော့်ကို သိလို့လား..."
"သိတာပေါ့...ငါ့ကို မမှတ်မိဘူးလား.."
မျက်နှာကို ရင်းနှီးနေသလို ရှိပေမယ့် ဘာမှအစဖော်လို့မရတာမို့ ဂျောင်ဂု အခက်တွေ့နေရသည်။
![](https://img.wattpad.com/cover/294295488-288-k121619.jpg)