#Unicode
ဒီနေ့တော့ ထယ်ယောင်း ဆေးရုံကနေ အိမ်ပြန်လာခဲ့ပြီဖြစ်သည်။
ခေါင်းနဲ့ခြေထောက်က ပတ်တီးကိုတော့ ဆိုးလ်ကဆေးရုံမှာပင် ဖြည်လို့ရသည်ဟု ဆရာဝန် ပြောတာနဲ့ ထယ်ယောင်းက ချက်ချင်းပင် အိမ်သို့ ပြန်လာခဲ့၏
ဆေးစာဖြင့် လွှဲလိုက်သည်မို့ နောက်ပိုင်း ကိစ္စတွေကို ဆိုးလ်မှာပဲ ဖြေရှင်းလို့ရပြီလေ။
တကယ်လည်း ထယ်ယောင်းတစ်ယောက် ဆေးရုံမှာ နေရတာ ငြီးငွေ့မ်ိတာကြောင့်ပင်..."အိမ်ကို ရောက်ပါပြီ မင်းသားလေး ...သတိထားပြီး ဆင်းပါ..
ကားတံခါးကိုဖွင့်၍ ဂျောင်ဂုက ဝှီးချဲပေါ်ထိုင်နိုင်ရန်အတွက် ကူညီပေး၏။
အပြည့်အဝမကောင်းသေးသော ခြေထောက်ကြောင့် လတ်တလောတော့ ဝှီးချဲအကူညီဖြင့် သွားလာနေရမည်ဖြစ်သည်။
တော်သေးတာက ကျောင်းပြီးချိန်မှ ဖြစ်လို့ပဲ။မဟုတ်ရင် ထပ်ပြီး အတန်းကနောက်ကျရဦးမှာပဲ။"ယောင်းလေး..."
အိမ်ထဲသို့ဝင်သည်နဲ့ အနားသို့ အဖွားကအပြေးလေးရောက်လာခဲ့သည်။
ရန်ဖြစ်ထားပြီးတည်းက အဖွားက စကားပြန်ပြောတာ ပထမဆုံးဖြစ်သလို ထယ်ယောင်းကလည်း စိတ်ဆိုးနေခဲ့တာမို့ နည်းနည်တော့ အနေခက်မိ၏။"ကံသီလို့ပါ့ မြေးရယ်....ဖြစ်မှဖြစ်ရလေ.."
အဖွားက ထယ်ယောင်းရဲ့ ဆံပင်တွေကို သပ်ပေးကာ မျက်ရည်ဝဲနေတာကို တွေ့ရတော့လည်း စိတ်မကောင်းဖြစ်ရပါသည်။
"စိတ်မပူပါနဲ့တော့ အဖွား....ကျွန်တော် သက်သာနေပါပြီ... "
"မျက်နှာတွေ အများကြီး ချောင်သွားတာပဲ...အဖွားက အားရှိတာတွေ အများကြီး ချက်ကျွေးမှာမို့ အပြည့်အဝအနားယူလိုက်ပါ..."
"ဟုတ်ကဲ့ အဖွား....အဖေရော..."
"အဖေ ဒီမှာပါ သားငယ်..."
အဖေက အိမ်မှာမရှိတာများ၍ မေးကြည့်မိတော့ ချက်ချင်းဆိုသလို အပေါ်ကဆင်းလာသော အဖေကြောင့် ထယ်ယောင်းပျော်မိရသည်။
အရင်ကဆို အဖေက သူဖျားနာချိန်တိုင်း အလုပ်မအားလို့ဟူသော အကြောင်းပြချက်ဖြင့် အမြဲတမ်းအနားမှာ ရှိမနေပေးခဲ့ဘူးလေ။
အခုဒီလိုလေးပဲဖြစ်ဖြစ် အိမ်မှာ စောင့်နေပေးလို့ ကျေနပ်မိသည်။