#Unicode
"တောက်ခ်!!"စားပွဲခုံအားလက်သီးဖြင့်ထုကာတောက်ခေါက်လိုက်သည့်အသံက မာန်ပါလှသည်။
ကျစ်နေအောင်ဆုပ်ထားသည့် လက်သီးဆုပ်မှာ ဒေါသတွေစုပုံနေတာကို ခန့်မှန်းလို့ရသည်။
မနက်စောစောစီးစီး ဆောဝန်းထိုသို့ဒေါသထွက် နေရခြင်းက အောက်လမ်းကနေသွင်းထားသော မူးယစ်ဆေးဝါးတွေဟာ ရဲလက်မှာ မိသွားခဲ့တာကြောင့်ဖြစ်သည်။ဒီထက်ပိုပြီး ဒေါသထွက်ရတာက လုပ်ငန်းတူတူတွဲလုပ်သည့် ကောင်က တစ်ယောက်တည်းခေါင်းရှောင်ကာထွက်ပြေးသွားသောကြောင့်ပင်။ဆောဝန်းကို အပြစ်ပုံချဖို့ရည်ရွယ်လည်း နောက်ဆုံးထိခိုက်ရမယ့်သားကောင်က သူပဲဆိုတာကို သဘောမပေါက်ဘူးပဲ။
ရဲတွေက အခု ဒီကိစ္စကနေစပြီး စုံစမ်းနေပြီမို့ သူတို့ရဲ့ဖုံးကွယ်ထားသမျှဘကိစ္စတွေပေါ်လာမှာကို ကြောက်နေရသည်။ထိုကောင်ကို ရဲတွေဖမ်းမိလို့မဖြစ်ဘူး။မဟုတ်ရင် အကုန်ပေါ်ကုန်မှာ။ထိုကောင့်ကိုမိရင် မလွယ်တာမို့ အဲ့ဒီကောင်ကျိန်းသေပေါက် ပုန်းနေမှဖြစ်မယ်။
နောက်ပြီး ဒီနေ့က ထယ်ယောင်းအလုပ်ဝင်တာ ခြောက်လပြည့်တဲ့နေ့မို့ စောင့်ကြည့်ရမှာတွေလည်းရှိနေသည်။
ပြင်ဆင်စရာအချို့လည်း လုပ်ရမည်။"ဆောဝန်း...အထဲမှာရှိလား..အဖွား ခနလောက်ဝင်လာမယ်.."
ထယ်ယောင်း၏အဖွားအသံကြောင့်လဒေါသထွက်နေတဲ့မျက်နှာကို အမြန်ပြင်ပြီး အသံပြုလိုက်သည်။
"ဟုတ်ကဲ့ အဖွား.."
"ရုံးသွားတော့မလို့လား."
"ဟုတ်ကဲ့...အဖွား ဘာခိုင်းစရာရှိလို့လဲ.."
"ထွေထွေထူးထူးတော့မဟုတ်ပါဘူး....ထယ်ယောင်း အကြောင်းတွေ ဘာများထပ်ပြီး ကြားသေးလဲလို့ပါ.."
"ထယ်ယောင်းလေးက နေ့တိုင်း company ကိုပုံမှန်လာတယ်...တစ်ခြားထူးခြားတာမျိုးတော့မတွေ့ရပါဘူးအဖွား..."
အိမ်ကြီးရှင်သခင်မကြီးက သက်ပြင်းကို ဖွဖွချသည်။
အရင်ကဆို မာနတွေမိုးထိရောက်ကာ နှိမ်နေတက်တဲ့အဖွားကြီးက အခု တော့ သူ့မြေးအားနည်းချက်ကို ဆုပ်ကိုင်ထားတဲ့ ဆောဝန်းကိုရိုကျိုးနေရတယ်မဟုတ်လား။
ဓါတ်ပုံကိစ္စကလည်း ဆောဝန်းပဲ တမင်အဖွားကြီးကို ပြပေးခဲ့တာလေ...