#Unicode
"အဖျားနည်းနည်းရှိနေသလိုပဲ...ဆန်ပြုတ်စားပြီးရင် ဆေးသောက်ရအောင်..."
နဖူးကို ခပ်ဖွဖွလာထိသောသူ့ရဲ့လက်ဖဝါး....
ဆေးခန်းကနေ ဟိုတယ်ကို ပြန်လာတည်းက လူကိုကလေးလို တယုတယနဲ့အသေးစိတ်လုပ်ပေးလို့နေပြန်သည်။
နဂိုစိတ်နဲ့ဆို လက်မခံမိပဲ ငြင်းမိမှာဆိုပေမယ့် နေမကောင်းနေသောကြောင့်ထင်သည်။
စိတ်က အလိုလို သူ့ကိုပဲ မှီခိုချင်နေမိသည်။"အစားကို ပုံမှန်စားပြီး အိပ်ချိန်လည်းမှန်အောင် ဂရုစိုက်ပါလို့ ကိုယ်ကမပြောခဲ့ဘူးလား...အခုတော့ အစာအိမ်ထိပြီ..."
ဆန်ပြုတ်ပန်းကန်ကို မွှေနေရင်း တွတ်ထိုးကာ ဆူနေသည်ကို ထယ်ယောင်းအသာ ငေးနေမိသည်။
ဒီအသံချိုချိုလေးကို လွမ်းနေခဲ့တာ...."ကဲ...နည်းနည်းလောက် ဝင်အောင်စားလိုက်.."
အခုအနေအထားက ထယ်ယောင်းဟာ ခုတင်ခေါင်းရင်း၌ မှီထိုင်နေပြီး ဂျောင်ဂုက ဘေး၌ထိုင်ကာ ဆန်ပြုတ်ကျွေးနေခြင်းပင်။
"ငါ့ဘာသာ စားမယ်.."
"ရှီးစ်!!! ကိုယ်က ခွံ့ကျွေးမယ်လေ....မလိမ်မာရင် ထပ်ပြီးပစ်ထားလိုက်မှာနော်.."
အံကိုကြိတ်ကာပင် မာန်မဲနေသော ဂျောင်ဂုပုံစံကြောင့် ထယ်ယောင်းဖွဖွရီမိကာ သူကျွေးသော ဆန်ပြုတ်ကို တစ်လုတ်စားလိုက်ရင်း...
"ငါက ကလေးလား.."
"အင်း...ကိုယ့်ရဲ့ ကလေးလေး.."
ဂျောင်ဂုအဖြေကြောင့် ထယ်ယောင်း ပါးနုနုပေါ် နှင်းဆီခင်းလေး ဖြတ်ပြေးသွားသည်။
"ဘာကို ကလေးလဲ...ငါ အရွယ်ရောက်နေပါပြီနော်.."
"မလေးမစား မလုပ်နဲ့...ကိုယ် မင်းထက်အသက်ကြိိီးတယ်နော် ကောင်ကလေး.."
"နှစ်နှစ်လောက်လေး ကြီးတာက်ိုများ.."
ကျွန်တော်စလိုက်တော့ စားနေရင်းနဲ့ကို မကျေနပ်စွာ စူပုပ်ပုပ်လုပ်နေသည်။
"စကားမများပဲ စားပါ...ပါးလေးတွေ အတော်ချောင်ကျသွားတယ်.."
သူက ထယ်ယောင်းရဲ့ပါးကိုဖွဖွပွတ်သပ်ရင်း စိတ်မကောင်းသလို ရေရွတ်သည်။
သူရော ဘာများထူးလို့လဲ...ပိန်သွားတာများ မေးရိုးကျယ်ကျယ်တွေက နဂိုထက် ထင်းလို့ပင်။