#Unicode
"ဒီ ဆန်ပြုတ်လေး ကို သောက်လိုက်ပါ မင်းသားလေး .."ဂျောင်ဂု၏ အပြောကို ခုတင်ပေါ်ကနေမျက်နှာမသာယာဖြင့် ကြည့်နေခဲ့သည့် မင်းသား...ခေါင်းမှ ဒဏ်ရာကြောင့် အဖျားရှိနေခဲ့တာမို့ ဆန်ပြုတ်ကျွေးပေမယ့် စားချင်ပုံမရသော မင်းသားရဲ့မျက်နှာဟာ စူပုပ်ပုပ်အနေအထားရယ်...
"မသောက်ချင်ဘူး....ဆန်ပြုတ်ကို ငါ အမုန်းဆုံးပဲ.."
"နည်းနည်းလောက်ပဲ ဖြစ်ဖြစ်သောက်လိုက်ပါ...မဟုတ်ရင် ဆေးသောက်တဲ့အခါကျ အစာမရှိရင် ရင်တုန်နေလိမ့်မယ်.."
"မသောက်ချင်ပါဘူးဆို.."
ချွဲနွဲ့ခြင်းမမည်စွာ နှုတ်ခမ်းပါးဆီကနေ ထွက်လာသည့် ဆူအောင့်အောင့်အသံလေးကြောင့် ဂျောင်ဂုမှာ အသဲယားသွားရသည်။အဖျားအရှိန်ကြောင့် နီမြန်းနေသော မျက်နှာနုနုလေးက အလိုမကျစွာစူပုပ်နေပုံလေးက ချစ်စရာကောင်းလှ၏။သောက်ရမယ့်ဆေးတွေက အကိုက်ခဲပျောက်ဆေးတွေလည်း ဖြစ်နေတာကြောင့် အစားမစားပဲ သောက်လို့မရပြန်....ဒီကလေးကြီး အစားစားဖို့ကို ဘယ်လိုချော့ရပါ့မလဲနော်...
"ဒါဆို တစ်ခြားဟာ စီစဥ်ပေးရမလား...ကြက်သားစွပ်ပြုတ်လေးပဲ ဖြစ်ဖြစ်.."
"တော်ပြီ...အဲ့ဒါလည်းအီတယ်...ဘာမှ မစားချင်ဘူး.."
တကယ့်ကို ဆိုးတဲ့ မင်းသားဂျစ်တူး..
ဟိုဟာလည်း မဟုတ်သလို ဒီဟာလည်းမဟုတ်ပဲ ဂျစ်တိုက်လို့နေ၏။
ခေါင်းမှပတ်တီးဖြူဖြူကြောင့် ဂျောင်ဂုမှာလည်း စိတ်မဆိုးရက်ပြန်...။
ခေါင်းရော ,ခြေထောက်တစ်ဖက်ပါ ထိခိုက်မိထားသည့်အပြင် ဖျားလို့နေခဲ့တော့ နေမကောင်းသည့်အခါ စိတ်အလိုမကျဖြစ်တက်တာက ပုံမှန်ပဲမို့ နားလည်ပါသည်။
ချော့မော့ပြောပြန်ရင်လည်း ဒီမာနမင်းသားလေးက လက်ခံမှာ မဟုတ်တော့ အနည်းငယ် အခက်တွေ့လှ၏။"ဒါဆို မင်းသားစားချင်တာပြောပါ....ဆေးတွေက ပြင်းတာမို့ တစ်ခုခုတော့စားမှရမှာ..."
ခပ်တွေတွေလေး တစ်ချက်စဥ်းစား၏။
နည်းနည်းတော့ အခြေနေမဆိုး..."ဒါဆို ထမင်းစားမယ်.."
ခက်ချေပြီ....ထမင်းစားရင် အဖျားကြောင့် အစာမကြေဖြစ်ပြီး ပိုဆိုးလိမ့်မှာကို..