#Unicode
"အင်း ...ဒါဆ်ို ခနနေတွေ့ကြမယ်လေ...အေးပါ...မီဟိုရယ် ဟုတ်ပါပြီ...နောက်မကျစေရပါဘူး...ဒါပဲနော်..."ဝရန်တာ၌ ဖုန်းပြောနေသည့် ဂျောင်ဂုရဲ့ အသံက ရယ်ရွှင်မြူးလျက် တက်ကြွလ်ို့နေ၏။
ဒီမှာ အလုပ်လုပ်တဲ့ခြောက်လအတွင်း ပထမဆုံးရတဲ့ ခွင့်ရက်မို့ ဂျောင်ဂု အပြင်မှာ မီဟိုနဲ့တွေ့ရန်ချိန်းထားခြင်းဖြစ်သည်။
ထိုကလေးမ ချိန်းတိုင်း ကျွန်တော်ကအမြဲမအားတာကြောင့် ငြင်းပယ်ခဲ့ရတာ အခါခါပင်။
ဒီနေ့တော့ အားလပ်ရက်မို့ သူမချိန်းတာကို လက်ခံလိုက်သည်။ဒါနဲ့ နေပါဦး.....အပြင်သွားမှာဆိုတော့ ကျွန်တော့်ရဲ့ မင်းသားလေးနဲ့ အတူတူ မရှိနိုင်တော့ဘူးပေါ့။
ဒီလိုတွေးမိပြန်တော့ အားလပ်ရက်ကိုတောင် မလိုချင်တော့သလိုပဲ။ဒါပေမယ့် မင်းသားလေးလည်း ကျောင်းပိတ်ရက်ဖြစ်ပြီး မီဟိုနဲ့လည်း ဒီတစ်ခါပဲ တွေ့မှာဆိုတော့ အဆင်ပြေသွားမှာပါ။
ထို့နောက် အပြင်သွားဖို့အတွက် ပြင်ဆင်ရမှာမို့ အတွေးတို့ကို ဖြတ်၍ အခန်းထဲပြန်ဝင်လာကာ ရေချိုးရန်ပြင်လိုက်မိသည်။
.
.
.
.
.
.
ဂျောင်ဂုရဲ့ ပုံစံကို တစ်ဖက်ဝရန်တာမှာ ရှိနေသော ထယ်ယောင်းက အကုန်မြင်တွေ့နေရသလို တက်ကြွနေသည့်အသံကိုပါ ကြားလိုက်ရသည်။
ပထမဆုံးရသည့် ခွင့်ရက်မှာ ကျောင်းက ဆရာဝန်မနဲ့တွေ့ဖို့ ချိန်းနေတဲ့ပုံပဲ။ဒါက ကျွန်တော့်ကိစ္စတော့မဟုတ်ပေမယ့် ထိုစကားတွေကို ကြားပြီးပြီးချင်း ထယ်ယောင်းစိတ်တို့ အလ်ိုမကျချင်သလို တက်ကြွနေသည့် ဂျောင်ဂုရဲ့ ပုံစံက်ို ကြည့်မရနေခဲ့ပါ...။
အနားကနေ ထွက်သွားဆိုတော့လည်း မသွားပဲ အနားမှာနေပြီး စိတ်ရှုပ်အောင်လုပ်တဲ့နေရာမှာ ခင်ဗျားက သိပ်တော်တာပဲ။
ဟိုနေ့ကပဲကြည့်လေ...မင်းသားလေးအနားမှာပဲ ရှိနေမယ်...ကာကွယ်ပေးမယ် ဘာညာနဲ့ သူ့ကိုယ်သူ ဘာထင်နေလဲ မသိ။ဒီ ကပ်ပါးကောင်ကို အနားကနေ ဘယ်လိုကော်ထုတ်ရပါ့မလဲ။
ကြာရင် သူနဲ့ရှိနေချိန်တိုင်း ထူးဆန်းတဲ့စိတ်က နေရခက်တယ်လေ။
အခုလည်း သူဆရာဝန်မနဲ့သွားတွေ့မှာကို ငါက ဘာကိစ္စအလိုမကျနေသလဲ....?