#Unicode
"မင်း ညီလေး ပြောတာ ဒီနေရာပဲ..."
နတ်ဝင်သည် ဆရာမကြီးက ခပ်လှမ်းလှမ်းကတောအုပ်ကို လက်ညိုးထိုးပြလေသည်။
ကျွန်တော်တို့အခု ဒယ်ဂူသို့ရောက်ရှိနေတာဖြစ်သည်။"ဒါဆို ကျွန်တော့ညီကို တိုက်သွားတဲ့ ကားက ဒီတောအုပ်ရဲ့ တစ်နေရာမှာ ရှိနေတာပေါ့.."
နတ်ဆရာမက ဘေးသို့ခေါင်းက်ိုငဲ့ကာ တစ်ခုခုကို နားထောင်နေပြန်၏။
ဂျောင်ဂုမှာ မမြင်ရမကြားရသော်လည်း...အခုဒိီနေရာမှာ ဟာနူးလ်ပါရှိနေသည်ဟု ပြောထားတာမို့ အခြေနေကိုသာ စောင့်ကြည့်ရသည်။"ဟုတ်တယ်တဲ့....သူနဲ့ ထယ်ယောင်းဆိုတဲ့တစ်ယောက် ထွက်ပြေးလာတုန်းက တိုက်သွားခဲ့တဲ့ကားပါတဲ့.."
နတ်ဆရာမစကားကြောင့် ဂျောင်ဂု ထိုတောအုပ်အထဲကို သွားရန် ဆုံးဖြတ်လိုက်သည်။
လုပ်ကြံသူက ထိုတောထဲမှာ ကားကိုပစ်ထားခဲ့တာမို့ သက်သေလည်းရှာမရပဲ မင်းသားငယ်ကိုကြံစည်တာက အောင်မြင်ခဲ့တာဖြစ်မည်။"ဒါဆို ကျွန်တော်တို့ သွားရအောင်...ဟာနူးလ်ကို လမ်းပြခိုင်းလိုက်မယ်လေ...."
"ကောင်းပါပြီ.."
ဆရာမက အရှေ့မှ ဦးဆောင်ကာ သွားသည်။တကယ်တော့ ဦးဆောင်ကာသွားသူက ဟာနူးလ်ဖြစ်မှာပါ။ကျွန်တော်က မမြင်ရပေမယ့်လို့ နာမည်အတိအကျနဲ့ကျွန်တော်မသိသော အကြောင်းအရာတွေကို နတ်ဆရာမက ပြောခဲ့တာမို့ ဟာနူးလ်ရှိနေတာကို ယုံကြည်လို့ သွားခဲ့ခြင်းပင်။
နောက်ဆုံး ထယ်ယောင်းကို ပေးခဲ့တဲ့ မွေးနေ့လက်ဆောင် တယောကိုပါပြောနေသည်မို့ မယုံလို့မဖြစ်တော့ဘူးလေ။ကျွန်တော့ညီငယ်ကိုလည်း အေးချမ်းစေချင်ပါပြီ။
သူဘယ်လောက်တောင် ပြောပြချင်ခဲ့ရှာမလဲ..?ထယ်ယောင်းကို သံယောဇဥ်ကြီးလွန်းလို့ အခုထိ ဝိဥာဥ်ဘဝနဲ့ ရှိနေရတယ်မဟုတ်ပါလား။"ဟိုးမှာ..!"
နာရီဝက်ခန့်အကြာ တောအုပ်အတွင်းခပ်နက်နက်ထဲသို့ ရောက်လာချိန် နတ်ဆရာမဆီက ထွက်လာသော စကား...
သူမ လက်ညိုးညွှန်ပြရာနေရာမှာ ရှိနေသည့် ကားက ဒီနေရာမှာနှစ်ချီစွာတည်ရှိနေတာမို့ ချုံနွယ်တွေပတ်ကာ ဖုန်အလိမ်းလိမ်းဖြစ်နေသည်။
ရုတ်တရက်ကြည့်လျှင် ချုံပုတ်ကြီးတစ်ခုဟုသာ ထင်နိုင်ဖွယ်ရာ...