#Unicode
"ကျွန်တော် တကယ်စိတ်မကောင်းပါဘူး.."
စိတ်မကောင်းစွာရေရွတ်ရင်း ဆရာဝန်ကြီးက ခေါင်းက်ိုငုံ့ချသွားခဲ့သည်။
ယိုင်ခနဲဖြစ်သွားသောအဖွားကို ဘေးမှကူထိန်းရင်း ထယ်ယောင်းသည် ခုတင်ပေါ်မှ အဖေ့အား ကြေကွဲစွာလှမ်းကြည့်မိတော့၏။
အဖေရဲ့အခြေနေကို တစ်ပါတ်အတွင်း ပြန်စစ်ဆေးခဲ့ရာ ဦးနှောက်တွင်းသွေးယိုစိမ့်မှုမရှိသော်လည်း လူကတော့ ကိုမာဝင်သွားခဲ့သည်။"ဒါပေမယ့် လူနာပေါ်မူတည်ပြီး တိုးတက်လာနိုင်တာမျိုးလည်း ရှိနိုင်တာမို့ စိတ်မပျက်ပါနဲ့....မျှော်လင့်ချက် ရာခိုင်နှုန်းနည်းပေမယ့် ပြန်ကောင်းသွားတဲ့သူတွေလည်း ရှိပါတယ်..."
ထယ်ယောင်း သက်ပြင်းချရုံမှတစ်ပါး မတက်နိုင်...အဖေ ပြန်ကောင်းလာဖို့ အတွက် အခြေနေက ဝေဝါးစွာ..
ပြောရရင် နှလုံးခုန်နေသော်လည်း သေလူတစ်ဦးလ်ို ခုတင်ပေါ်မှာသာလှဲနေရမယ့် အခြေနေမဟုတ်လား။
မျှော်လင့်ချက်ထားရင်တောင် အရမ်းကိုနည်းတဲ့ အခြေနေမဟုတ်လား။
ဒါပေမယ့် ကျွန်တော်က ပြိုလဲနေလို့ မဖြစ်။
အဖွားနဲ့မိသားစုကို ကာကွယ်ဖို့အတွက် ကျွန်တော်ကပဲ သန်မာနေရတော့မယ်လေ။"မငိုပါနဲ့ အဖွား...အဖေက ပြန်ကောင်းလာမှာပါ...ကျွန်တော်တို့အဖေ့က်ို ဆိုးလ်ဆေးရုံကို ရွှေ့မယ်...အဖေ့ကို ယုံကြည်ကြရအောင်နော် အဖွား.."
ငိုနေသော အဖွားက်ို ချော့နေသည့်မင်းသားငယ်လေးကိုကြည့်၍ ဂျောင်ဂုရင်ထဲဝမ်းနည်းဝမ်းသာ..။
လူကြီးလေးတစ်ယောက်လ်ို အဖွားကိုနှစ်သိမ့်ပေးနေပေမယ့် သူကိုယ်တိုင်လည်း ဝမ်းနည်းနေရှာလိမ့်မှာကို ဟန်ဆောင်နေလိုက်တာ...။
ဒီလူက မြင်နေရပါတယ်...မှိုင်းညို့နေတဲ့ မျက်လုံးစိမ်းလေးထဲက ဝမ်းနည်းမှုအရိပ်ယောင်တွေက်ိုပေါ့။
.
.
.
.
.
"သက်သာရဲ့လား...ဦးလေး..""မင်း..မင်းသားလေး.."
"မထပါနဲ့...ဒီတိုင်းပဲ လှဲနေပါ.."
ဦးခေါင်းနဲ့လက်တွေအပြင် ခြေထောက်အထိပါ ပါတ်တီးအပြည့်ဖြစ်နေသော အဖေ့ရဲ့ ဒရိုင်ဘာက ထယ်ယောင်းကိုတွေ့တော့ ထဖို့ဟန်ပြင်နေတာမို့ တားလိုက်ရသည်။