အပိုင်း(၁၂)

1.1K 178 0
                                    

လင်းမော်တို့ ပြန်ရောက်တော့ ဒီနိုင်းတို့က ကွင်းပြင်မှာ ပတ်ပြေးနေကြသည်။ သူတို့ကို ကြပ်မတ်ပေးနေတာက မိုင်းမိုင်ပဲ ဖြစ်သည်။ ပိုင်ပိုင်က ခဏအတွင်း စိတ်ဓာတ်ကျသွားဟန် ခန္ဓာကိုယ်ကို ငုံ့ကိုင်းလိုက်တော့သည်။ ဒီစစ်ရေးလေ့ကျင့်ရေးကို သူတကယ်ကို မလုပ်ချင်ဘူး။

"မနက်စာ မြန်မြန်သွားစားကြ၊ ပြီးရင် ဒီကို ပြန်လာခဲ့ နာရီဝက် အချိန်ပေးမယ်"

စကားကို ကြားတာနဲ့ သူတို့ သုံးယောက်က အိပ်ဆောင်ဆီပြန်၍ အဝတ်အစား လဲကြရသည်။ ပြီးတာနဲ့ ထမင်းစားဆောင်မှာ မာတောင့်နေသည့် ထမင်းခဲကို ပဲကြော်နှင့် တွဲစားရပြီး ရေဖြင့် မျှောကာ မြိုချခဲ့ရသည်။ ပြီးတာနဲ့ ခဏနားပြီးနောက် ကွင်းပြင်ဆီ ပြန်ပြေးကြရသည်။ သူတို့ ရောက်တော့ ဒီနိုင်းတို့က ခဏနားနေကြရပြီ ဖြစ်သည်။

ချွေးနွေ ရွှဲစိုနေသည့် ဒီနိုင်းက အမောဖြေနေသည်မှာ နှုတ်ခမ်းများပင် ပွင့်နေချေပြီ။ ကွင်းကို ငါးခေါက် ပတ်ပြေးရသည့်အပြင် သူ့မှာ ဒိုက်လည်း ထိုးထားရတာကြောင့် ခန္ဓာကိုယ်ကို မသယ်ချင်တော့ပေ။

"ဒီလိုမှန်းသိ မင်းတို့နဲ့ နေခဲ့ပါတယ်ကွာ၊ နိုးကတည်းက ပြေးနေရတာ အခုမှ နားရတယ်"

ဒီနိုင်းက ကူကယ်ရာမဲ့စွာ ဆိုလေလျှင် လင်းမော်က ရယ်သည်။

"မင်းထိုက်နဲ့ မင်းကံလေ၊ ငါတို့နဲ့ မနေခဲ့ဘဲ ပြန်လိုက်သွားတာကိုး"

သေချာပေါက် သူတို့လည်း တစ်ညလုံး ပင်ပန်းခဲ့တာကိုတော့ လင်းမော်က စကားထဲမှာ ထည့်မပြောပေ။

"ကျွေးမယ့်သူ မရှိဘူး ဆိုလို့ပေါ့ကွ"

မိုင်းမိုင်၏ ကျွေးမယ့်သူမရှိဘူးဆိုသည့် စကားက ဒီနိုင်း၏ အရှိုက်ကိုထိကာ နှစ်ခါပင် မစဉ်းစားဘဲ သူပြန်လိုက်လာခဲ့ခြင်း ဖြစ်သည်။ တကယ်လည်း လင်းမော်တို့မှာ ညစာလည်း လွတ်သည့်အပြင် မနက်စာလည်း ဒီရောက်မှသာ စားရခြင်း ဖြစ်သည်။

"စကားများလို့ ပြီးကြရင် အားလုံး တန်းစီကြတော့"

မိုင်းမိုင်က အော်လိုက်တော့ အကုန်လုံး လေပူများကို မှုတ်ထုတ်လိုက်၍ ကိုယ်စီ လေးဖင့်စွာ လာရောက်တန်းစီ ကြလေသည်။

သစ္စာမှတ်တမ်းWhere stories live. Discover now