အပိုင်း(၂၆)ဇာတ်သိမ်း

3.7K 251 48
                                    

"မြို့အတွင်းပိုင်း ရွာမှာ သက်ကြီး ရွယ်အို ကျန်နေပါသေးတယ်၊ ကျန်ရွာတွေကနေတော့ လူကယ်လို့ ပြီးခဲ့ပါပြီ"

မင်းခေါင်က တိုင်းမှူးနှင့် ဖုန်းအဆက်သွယ် ပြုလုပ်နေသည်။ ဗုံးကြဲတိုက်ခိုက်ခြင်းကို ရပ်တန့်ပေးဖို့ သူတောင်းဆိုမည်။ ရွာသားတွေ မလိုက်ရသည့် အခြေနေနှင့် သူပုန်တပ်အကြောင်း အကုန်ပြောပြလို့ အပြီးမှာတော့

"ကျွန်တော့်ကို တပ်သား၂၀၀ ထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ် တိုင်းမှူး"

"ကောင်းပြီ၊ သုံးလအတွင်း အမြန်ဆုံး တိုက်ထုတ်နိုင်ဖို့ ကြိုးစားပါ၊ မင်းအပေါ်မှာ မူတည်သွားပြီ"

တိုင်းမှူး၏ အမိန့်ကို လက်ခံပြီးနောက်မှာတော့ မြို့တော်က သူ့ထံ အကြောင်းကြားလာသည်။ လေ့လာရေးဆင်းနေသည့် ဆရာဝန်လေးဦးကို ပြန်လည် ခေါင်ဆောင်ဖို့ ကားလွှတ်လိုက်မည်ဟူ၍။

မင်းခေါင်က လွတ်မြောက်စခန်းမှာ အားကြိုးမာန်တက် ကူညီနေကြသည့် လူငယ်တစ်စုကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူတို့က တကယ်ကို အကူညီရခဲ့သည်။ အစက သူလက်မခံချင်ခဲ့ပေ။ သူ့အမြင်ကို ပြောင်းလဲပေးပြီး ဒီနေရာနှင့် အံဝင်ခွင်ကျ ဖြစ်ရန် သူတို့တွေက အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ တိုက်ပွဲက ရေရှည်ကြာမြင့် ဦးမှာ ဖြစ်လို့ ကျောင်းမပြီးသေးသည့် သူတို့ကို ဆွဲထားရန် မသင့်တော့ပေ။ လူတိုင်းက တစ်နေ့ကြရင် ခွဲရမှာပဲ မလား။

"ကောင်လေးတွေကို လူစုခိုင်းလိုက်"

လက်တစ်ဖက်ပြတ် သွားပေမယ့် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သော ကျော်ဆန်းက အရင်ကလို သူလိုလျှင် ခိုင်းဖို့ အသင့်ရှိနေပေသည်။ ကျော်ဆန်းက တစ်ယောက်ချင်းကို အသိပေးပြီးနောက် တဲပြင်မှာပဲ သူတို့မတ်တပ်ရပ်ကာ ဆုံလိုက်ကြရသည်။

"မင်းတို့ ပြန်ဖို့အတွက် မြို့ကနေ ကားထပ်လွှတ်လိုက်ပြီ၊ နောက်နှစ်ရက်နေရင် ရောက်မယ်၊ လိုအပ်တာတွေ ပြင်ထားကြပါ"

မင်းခေါင်၏ စကားအဆုံးတွင် ဒီနိုင်းက လက်မခံနိုင်စွာ ရှေ့ကို တိုး၍

သစ္စာမှတ်တမ်းWhere stories live. Discover now