အပိုင်း(၂၄)

1K 162 1
                                    

"ခေါင်းဆောင် ဘာလို့ ကားနဲ့မသွားတာလဲ"

ဒီနိုင်း၏ ထုံးစံအတိုင်း မေးခွန်းပေါင်း များစွာနဲ့ သူတို့ လျှောက်လာရသည်။

"ကားနဲ့ သွားတော့ အန္တရာယ်ကင်းပြီး မြန်မြန်ရောက်တယ် မဟုတ်ဘူးလား"

ပိုင်ပိုင်ကလည်း ဝင်မေးသည်။ လင်းမော်က ဘေးနားကနေသာ လိုက်ရင်း သူတို့ပြောတာကို စိတ်ဝင်စားဟန် ခေါင်းဆောင်ဖြေလာမည့် အဖြေကို စောင့်နေလေသည်။

"စောစောက ဗုံးခွဲတာ ကားကိုများလား"

လင်းမော်က တွေးစစနှင့် ဝင်ပြောတော့မှ မင်းခေါင်က ခေါင်းညိတ်ပြသည်။

"လေပေါနေဖို့ အချိန်မရှိဘူး၊ ဒီတိုင်းဆို သူတို့လိုက်လာတော့မှာ"

"စောစောက အကိုကြီးကို ဘာလို့ တစ်ယောက်တည်း လွှတ်လိုက်တာလဲ"

ဒီနိုင်းကမေးတော့ မင်းခေါင်က သူ့ကို စိတ်ရှည်စွာ ရှင်းပြလေသည်။

"ခြေမြန်တပ်သားလွှတ်တာ၊ ဒီတိုင်းဆို အချိန်မရွေး အပစ်အခတ်တွေ ရှိလာမှာပဲ၊ လမ်းကြောင်းရှာဖို့ သူ့ကို အရင် လွှတ်မှ ရမှာ"

ထိုအခါမှ လူငယ်လေးများက ခေါင်းညိတ်ကာ နားလည်သွားကြသည်။ သူတို့က မင်းခေါင်၏ ခြေလှမ်းကျယ်ကြီးများကို မှီအောင်လိုက်နေရင်းနဲ့ အလိုလို မောလာတာကို ခံစားနေရပေမယ့် နားမယ်လို့ မပြောရဲပေ။ သူတို့အကူညီရအောင် နေခဲ့ချင်ကြတာလေ။ သူများက သူတို့ကို ငဲ့နေရရင် မဟုတ်သေးဘူး။

"ရပ်လိုက်"

မင်းခေါင်က ပတ်ဝန်းကျင်ကို စစ်ဆေးသလို ကြည့်နေရင်း လက်ကသေနတ်ကို အသင့်ပြင်လိုက်သည်။ သူတို့က အခု မညီညာသည့် မြေနေရာ အနေအထားတွင် ရှိနေတာမို့ ပြေးဖို့ကလည်း မလွယ်ပေ။ သူတို့အဝေးတစ်နေရာဆီကနေ လှုပ်ရှားမှုကို မြင်လိုက်တာနဲ့ နှစ်ချို့နေသည့် သတိက သူ့ကိုယ်နှင့်တွဲလျက် ကပ်ပါနေသည်။ ဘေးနားမှာ ရှိနေသည့် ဒီနိုင်းကို သူ့နောက်သို့ ပို့လိုက်ပြီး

"သုံးအထိ ရေပြီးတာနဲ့ ညာဘက်မှာ ရှိတဲ့ ကျောက်တုံးဆီပြေး၊ နောက်ကို လှည့်မကြည့်နဲ့"

သစ္စာမှတ်တမ်းWhere stories live. Discover now