Chapter-1

3.6K 230 13
                                    

တီ...တီ....တီ...

မနက်၅နာရီခွဲဆိုကြားနေကျAlarmအသံလေး....

Alarm ကိုပိတ်ပြီး
မောင့်နှဖူးလေးအား
အသာအယာလေးအနမ်းပေးကာ
လှပသောမနက်ခင်းအား
နှုတ်ဆက်ခဲ့သည်။

ဒါဟာမနက်ခင်းထတိုင်း
ပတ်ဂျီမင်းတို့
ပထမဦးဆုံးပြုလုပ်ရသော
အလေ့အကျင့်လေးတစ်ခုပင်....

မျက်နှာသစ်၊ရေမိုးချိုးပြီး
မောင်နဲ့သူ့ရဲ့မနက်စာဝိုင်းလေးအား
ဖွယ်ဖွယ်ရာရာဖြစ်အောင်ပြင်ဆင်ရသည်...

မနက်စာဝိုင်းလေးအား
ပြင်ဆင်နေချိန်..
အနောက်ကနေခါးကို
သိုင်းဖတ်လာသောသူကြောင့်

"မောင်နိုးပြီလား?..."

"အင်း...
မောင့်အသည်းအသက်လေးက
မနက်စာပြင်နေတာပဲ..."

"ဒါပေါ့...
ဒီမှာမောင့်အကြိုက်တွေချည်းပဲ..."

"ဟုတ်ပါပြီ...ဒါနဲ့မောင်ဒီနေ့အပြန်နောက်ကျမယ်နော်ဂျီမင်..."

"ဟုတ်ပါပြီ။"

"ဘာလို့နောက်ကျမှာလဲမမေးဘူးလား?"

"မမေးပါဘူး။
မောင်ကအလုပ်‌တွေများတယ်လေ။
အဲ့တော့အိမ်ပြန်နောက်ကျတာ
မဆန်းဘူးမလား?
ကိုယ်နားလည်နိုင်ပါတယ်မောင်ရဲ့..."

"မဟုတ်သေးပါဘူးကွာ...."

"ဘာကိုမဟုတ်တာလဲမောင်ရဲ့..."

"ကိုယ့်ရဲ့အလုပ်ကဒါရိုက်တာဆိုတော့
ကောင်မလေးအများကြီး၊
ကောင်လေးအများကြီးတွေ
နဲ့ တွေ့ရတယ်လေ...အဲ့တော့"

အော်...လက်စသတ်တော့
မောင်ကသဝန်တိုစေချင်နေတာပဲ...
အဟီးးး ချစ်ဖို့ကောင်းလိုက်တာနော်...

"ဟုတ်လား?ဒီကိုကြည့်ပါဦးမောင်ရဲ့...
ကိုယ်ကမောင့်ကိုယုံတယ်လေ...
အဲ့တော့ကိုယ်ရှည်ရှည်ဝေးဝေးတွေ
မမေးတော့တာပါ။
ပြီးတော့ကိုယ့်ကို
မောင်စိတ်ခုသွားမှစိုးလို့ပါ။"

"ဒါပေမယ့်
တစ်ခါတစ်လေတော့မောင်က
မောင့်ရဲ့အသည်းအသက်‌ေလးရဲ့
သဝန်တိုတာလေးတော့ခံချင်တာပေါ့။"

"အဟာားးး ဟုတ်ပါပြီ။
အခုတော့မနက်စာအရင်စားပါဦး...
အော်!ဒါနဲ့!မျက်နှာရောသစ်ပြီးရဲ့လား?"

Relationship💌Where stories live. Discover now