"မင်းသမီးဟာရိုနာ ယဉ်တိမ်းမှောက်မှုကြောင့် ကွန်လွန်...❗❗❗"
“ယနေ့ ၅.၁၂.... မနက်၉နာရီခန့်တွင်
ရာဟန်မြို့မှ
ယွန်းဒိုသို့ မောင်းနှင်လာသောကားသည် အရှိန်လွန်ကာ ချောက်ထဲကျသွားကြောင်း ယွန်းဒိုမြို့သားတစ်ဦး၏
သတင်းပေးချက်အရ
သွားရောက်စစ်ဆေးခဲ့ရာ
မင်းသမီးဟာရိုနာ၏
ကားဖြစ်ကြောင်းသိခဲ့ရသည်။
ကားသည် ဘရိတ်ကြိုးပျက်၍
ချောက်ထဲသို့ကျသွားသည် ကားထဲရှိ
ဟာရိုနာအား သေဆုံးလျက်
တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တို့ပြောကြားချက်အရသိခဲ့ရသည်။
ထို့အပြင် မင်းသမီးဟာရိုနာသည်
ကိုယ်ဝန်လွယ်ထားကြောင်းလည်း
သိရှိခဲ့ရပါတယ်....။”TV တွင်လာနေသော သတင်းအားကြည့်ပြီး
ဂျီမင်းထိတ်လန့်သွားခဲ့သည်..."မဖြစ်နိုင်လိုက်တာ..."
ထို့နောက် တစ်ခုခုအားတွေးဆဆဖြင့်ဂျီမင်းသည် နှုတ်မှ စိုးရိမ်စွာရေရွတ်လိုက်မိသည်...
“မောင်ရော...အဆင်ပြေရဲ့လားမသိဘူး...”
။။ ။။
ဟာရိုနာ၏ ဈာပနအခမ်းအနား....ဆွေမျိုးမိဘတွေမရှိသောဟာရိုနာကြောင့်
ရိုနာ့ဈာပနအား ဂျောင်ကုသာလျှင် အစအဆုံးစီစဉ်ပေးမိသည်။...
မတွေ့လိုက်ရတဲ့သူ၏ ရင်သွေးလေးကိုလဲ ဂျောင်ကုတောင်းပန်ချင်မိသည်။...
ဂျီမင်းသည် ဟာရိုနာ၏ ဈာပနပွဲအား သွားခဲ့သည်။
မောင့်အား လုယူခဲ့သည့် ထိုမိန်းမအားမုန်းမိသော်လည်း ဒီလိုအဖြစ်ဆိုးမျိုးနှင့်မကြုံစေချင်ပေ။
မောင့်ကိုလဲတွေ့ချင်မိသည်။
သွေးသားကိုဆုံးရှုံးရတာဘယ်လိုခံစားရလဲဂျီမင်းမသိပေမယ့် ချစ်ရတဲ့လူတစ်ယောက်ကိုဆုံးရှုံးရတဲ့ခံစားချက်ကို ဂျီမင်းကောင်း"ကြီးနားလည်သည်။
ထို့ကြောင့် မောင်အဆင်ပြေမပြေသိဖို့လိုအပ်သည်။...
မသက်ဆိုင်တော့ပေမယ့် မောင့်အားဂျီမင်းစိတ်ပူမိပါသည်။...
"ဂျောင်ကု...""အာ...ဂျီမင်း..."
"အင်း ငါ....အဆင်ပြေရဲ့လညးဂျောင်ကု.."
YOU ARE READING
Relationship💌
Fanfic"ယုံကြည်မှုပျက်သွားတဲ့အိမ်ထောင်ရေးကရေရှည်တည်တံ့မယ်လို့ထင်လား?"...... Start -15.1.2022