Chapter -21

1.2K 111 15
                                    

"သွားခွင့်ပြုပါဦး..."

"ခဏလေးနေပါဦး
တွေ့တုန်းတွေ့ခိုက် တစ်ခု"စားသွားပါဦးလား
ကိုယ်ဝယ်ကျွေးမယ်လေ...နှုတ်ဆက်တဲ့သဘောပေါ့..."

"ဟင့်အင်း နေပါစေ....
ကျွန်မတို့က တွေ့ရင် အတူတူထိုင်
မုန့်စားပြီး စကားလက်ဆုံဖွဲ့ပြောရမယ့်
ဆက်ဆံရေးမှမဟုတ်တော့တာ....."

"ဟုတ်ပါပြီဗျာ....
မင်္ဂလာဆောင်ကျလဲ ဖိတ်ဦးနော် ရိုနာရှီ...."

"........"

ရင်တွေနာလိုက်တာ မှိုင်းဟေကိုရယ်....။

.......

"ဂျီမင်း......"

"အော်...ထယ်ယောင်း..."

"အဆင်ပြေရဲ့လား မနက်ဖြန်အတွက်ပွဲအတွက်"

"အင်း ငါသေချာပြင်ဆင်ထားပါတယ်..."

"တကယ်လို့အဆင်မပြေရင် ငါဟိုဆော့ကို.."

"မလိုပါဘူး အဲ့လောက်ထိ
ငါနဲ့ဂျောင်ကုရဲ့ ဇာတ်လမ်းကပြီးသွားခဲ့ပြီလေ...ထပ်တွေ့လဲ ဘာမှမထူးတော့ဘူး...
ငါအဆင်ပြေမှာပါ..."

"အင်းပါ...မင်းအဆင်ပြေရင်‌ပြီးရော မနက်ဖြန်ငါလာခေါ်မယ်.."

"မင်းကဘာလို့?"

"ငါပါလိုက်မှရမှာပေါ့...
ပွဲစီစဉ်သူနဲ့ငါနဲ့က ငယ်သူငယ်ချင်းတွေလေ...
မင်းတို့အဖွဲ့ကိုအဖွင့်ပိုင်းကလို့ရအောင်ငါပြောထားတာ..."

"အော်...အင်းအင်း...အဲ့ဆို လာခေါ်..."

"အေးပါ..အခုတော့ငါသွားပြီ။
ညပိုင်းစောစောအိပ်နော်..."

"အင်းပါ မင်းလဲဂရုစိုက်ပြန်..."

"ဟုတ်ပြီ။"

ဒီအတိုင်းလေးပဲကောင်းပါတယ် မင်....
ငါမင်းကိုလက်လွှတ်လိုက်တော့မယ်...။
ဒါပေမယ့်စိတ်ချပါ။ မင်းကို ထိခိုက်မယ့်အရာတွေစီက ငါသေချာပေါက် ကာကွယ်ပေးမှာပါ....။

ဂျီမင်းအိမ်ကနေထွက်လာပြီး လမ်းတဝက်တွက် ဖုန်းလာသောကြောင့် ကင်မ် ကားခဏရပ်ပြီးဖုန်းပြောမိသည်။

In phone 📱

"အင်း ဟိုဆော့ပြော..."

"ယောင်း.....~"

Relationship💌Where stories live. Discover now