အပေါ်တတ်မည့် ဂျီမင်းအား
ဂျောင်ကု လက်မှဆွဲကာဟန့်တားလိုက်သည်။"လာစမ်း!!
ဘယ်ကိုရှောင်ပြေးမလို့လဲ!!""....."
"ပြောစမ်း!!အဲ့ပါးစပ်ပေါက်ကပိတ်မနေပဲ
ငါမေးတာကိုဖြေ!!
အဲ့အကောင်နဲ့ဘယ်အခြေအနေထိရောက်ပြီးသွားပြီလဲ!!!!""သိချင်ရင် အဲ့နေရာမှာ ဆက်ပြီးကြည့်နေခဲ့ပါလား?!!! ဘာလို့ငါ့ကိုအခုမှလာမေးနေလဲ!!"
"ဂျွန်ဂျီမင်း!!!
ငါထပ်မရိုက်ချင်ဘူးနော်...
အေးဆေးငါမေးတာကိုဖြေလိုက်!!""မဖြေဘူး!!!"
"တောက်စ်!!!ငါကွာ!!"
ဒေါသထွက်ထွက်နဲ့ (သူ)ဂျီမင်း၏မျက်နှာထိုးမည်ထင်၍ သူ(ဂျီမင်း)မျက်လုံးအား မှိတ်မိလိုက်သည်...။
တကယ်တမ်းဂျောင်ကု လက်သီးနှင့်ထိုးလိုက်တာက ဂျီမင်းမျက်နှာကို တော့မဟုတ်ခဲ့... ။
နံရံအားထိုးလိုက်ခြင်းပင်...။
"ငါ့ကို အနိုင်ယူမယ်ဆိုလဲ
တခြားနည်းနဲ့အနိုင်ယူလိုက်စမ်းပါ
ဂျွန်ဂျီမင်းရယ်...
ဒီလိုနည်းနဲ့တော့ ငါ့ကိုရူးအောင်
မလုပ်စမ်းပါနဲ့သဲငယ်ရယ်...။
ငါ...ငါဒီလိုမြင်ကွင်းမျိုးကို အခုလိုမြင်ဖို့မပြောနဲ့ စိတ်ကူးထဲတောင်တစ်ခါမှ ထည့်မစဉ်းစားဖူးတာကြောင့်...ငါရူးမလိုပဲ...သိရဲ့လား..ဟမ်....ငါ...ငါတောင်းပန်ပါတယ်...။""မင်းကိုအနိုင်ယူရမယ့် အကြောင်းအရင်းတစ်စက်ကလေးမှ ငါ့ဆီမှာမရှိတာနော်...
သွေးရူးသွေးတန်းတွေေလျှာက်မပြောနဲ့...
ငါကမင်းလိုမဟုတ်ဘူး..!""ဘာကိုလဲ ဂျွန်ဂျီမင်းရဲ့!!
ငါက ဘာဖြစ်နေလို့လဲ!!
ငါလေ..ငါ တစ်ခါမှ မင်းအပေါ်
မဖောက်ပြန်ခဲ့ဖူးပါဘူး...
မင်းယုံအောင်ငါဘယ်လိုသက်သေပြရမလဲ ဂျွန်ဂျီမင်းရယ်..ငါ့ဘက်လဲ တစ်ချက်လောက်ဝင်ကြည့်ပေးပါဦး....""ငါပင်ပန်းတယ်ဂျောင်ကု...။
သွားနားတော့မယ်...""တောင်းပန်ပါတယ်...
မောင့်ကို ခွင့်လွှတ်ပေးလို့မရဘူးလား
သဲငယ်...
မောင်မမှားခဲ့ပေမယ့် မင်းကျေနပ်အောင်မောင်တောင်းပန်ပါ့မယ်....
မောင့်ကိုခွင့်လွှတ်ပေးပါ..."
YOU ARE READING
Relationship💌
Fanfic"ယုံကြည်မှုပျက်သွားတဲ့အိမ်ထောင်ရေးကရေရှည်တည်တံ့မယ်လို့ထင်လား?"...... Start -15.1.2022