Chapter-7

1.3K 120 3
                                    

"ထယ်ယောင်းရှီ...အခုလိုလိုက်ပို့ပေးတဲ့အတွက်ကျေးဇူးပါပဲ‌ဗျာ..."

"ရပါတယ်ဗျာ...လိုလို့လား?သူငယ်ချင်းအချင်းချင်းပဲဟာကို....."

"အာ...ဟုတ်ကဲ့။ အိမ်ထဲဝင်ပါဦး...."

"မဝင်တော့ပါဘူးမင်ငယ်.."

"ဗျာ..?"

"အာ...မင်ငယ်လို့ခေါ်လို့ရတယ်မလား?..."

"အော်...ဟုတ်..ရပါတယ်။ထယ်ယောင်းရှီအဆင်ပြေသလိုခေါ်ပါ။..."

"ကောင်းပါပြီဗျာ...ဒါနဲ့ ကိုယ့်ကို ယောင်းငယ်လို့ခေါ်လဲရပါတယ်။‌ထယ်ယောင်းရှီတွေဘာတွေလုပ်မနေနဲ့။ရင်းရင်းနှီးနှီးပေါ့...ဟိုဆော့လိုပဲခင်လို့ရပါတယ်..."

"ဟုတ်ကဲ့။ကျွန်တော်ကထယ်ယောင်း...အာ..
ယောင်းငယ်ကကျွန်တော့်ထက်အသက်ကြီးမယ်လို့ထင်လို့ပါ။..."

"ကျွန်တော့်ရုပ်ကအဲ့လောက်ရင့်နေလို့လားဗျာ့.?"

"အာ...မဟုတ်ပါဘူး!!!ဟိုဆော့ဟျောင်းနဲ့ယောင်းငယ်က သူငယ်ချင်းတွေဆိုတော့ ဟိုဆော့ဟျောင်းနဲ့အသက်တူတူထင်လို့ပါ..."

"မဟုတ်တာ...ဟိုဆော့ကကိုယ့်ထက်အသက်ကြီးတယ်...ဟျောင်းလို့မခေါ်ချင်လို့သာမခေါ်ပဲနေတာ...ပြီးတော့ မင်ငယ်နဲ့ကိုယ်နဲ့က linearတူတူပဲ.မင်ငယ်ကတောင်ကိုယ့်ထက်၂လကြီးဦးမယ်...!"

"တကယ်?...."

"အင်း...ဒါဆိုကိုယ်ပြန်ပြီနော်...အိမ်ထဲဝင်တော့။အပြင်မှာအေးလာပြီမို့လို့..."

"ဟုတ်ကဲ့။ကောင်းကောင်းပြန်ပါယောင်းငယ်.."

"ကောင်းပါပြီဗျာ...!"

ခြံဝင်းလေးအတွင်းမှထွက်သွားသည့်ပြိုင်ကားနီနီလေးကိုကြည့်ပြီး.....

*နေပါဦး!‌ငါ့အသက်ကိုယောင်းငယ်ကဘယ်လိုလုပ်ပြီး???ထားပါတော့လေ....ဟိုဆေယ့ဟျောင်းစီကသိတာနေမှာပေါ့...*

တစ်ယောက်ထဲတွေးပြီးအိမ်ထဲအဝင်...

"သဲငယ်!!!"

"ဟဲ့..ဘုရားကြီးငုတ်တုတ်!!!"

"ဟားဟားးး "

"မောင်!!!ဘယ်တုန်းကပြန်ရောက်နေတာလဲ?"

Relationship💌Where stories live. Discover now