"သဲငယ်ရေ...."
"ဟင်..?မောင်....."
"မောင့်သဲငယ်ကလေ.....
မောင့်စကားဆို
ဘယ်တော့မှနားမထောင်ဘူး
ထမင်းစားချိန်နီးနေတဲ့ဟာကို
အာလူးကြော်တွေစားပြန်ပြီ။..!""မောင်ကလည်း
ဒီမှာဇာတ်လမ်းလေးကောင်းလို့ပါ။
ပြီးတော့ထမင်းစားဖို့ကလိုပါသေးတယ်....""မရပါဘူးမစားနဲ့တော့။
ပေးမောင့်ကို!""ဟွန့်....ဒါနဲ့နေပါဦး
မောင်ပြောတော့
အိမ်ပြန်နောက်ကျမယ်ဆို?!""ဟုတ်တယ်သဲငယ်ရဲ့။
မင်းသမီးနေမကောင်းလို့
ရူတင်ရပ်လိုက်ရတယ်။""အော်...."
"ဒါနဲ့ဒီနေ့ည
မင်းသမီးရဲ့မွေးနေ့ရှိတယ်။
မောင်တို့ကိုဖိတ်ထားတယ်
သဲငယ်လိုက်ခဲ့ပါလား?""ဟွန့်...မောင့်မင်းသမီးက
ရှုတင်မှာကျတော့နေမကောင်းဘူးပြောပြီးမွေးနေ့ကျတော့လုပ်နိုင်သေးတယ်နော်....""သဲငယ်ကလည်းကွာ
အဲ့လိုသူများကိုမပြောရဘူးလေ။
မွေးနေ့ကတစ်နှစ်တစ်ခါမှလုပ်ရတာလေ။
ဘယ်သူကလက်လွှတ်ချင်ပါ့မလဲ။
ပြီးတော့သူက celebrateလေ....""မောင်ကဘာလို့
အဲ့လောက်သူ့ဘက်ကလိုက်ပြောနေတာလဲ?""သဲငယ်ကလည်းကွာ။
မောင်ကရှင်းပြတာပါ။
ဘယ်သူ့ဘက်ကမှ
လိုက်မပြောပါဘူးကွာ။
သဲငယ်ကနားလည်ပေးလေနော်....""ဟွန့်...ရုပ်ကြမ်းကြီးနဲ့နွဲ့နေလိုက်....!"
"ငြိုငြင်တာလားမောင့်အသဲအသက်က...?"
"မငြိုငြင်ရဲပါဘူးဗျာ။...
ဒါနဲ့မောင့်မင်းသမီးနာမည်က?""Han Yoona...
ပြီးတော့မောင့်မင်းသမီးမဟုတ်ပါဘူးနော်...""မောင့်မင်းသမီးပါ။
ရိုနာ့ပွဲဦးထွက်တုန်းက
ရိုနာ့ကိုမောင်ပဲ
မင်းသမီးတင်ရိုက်ပေးတာပဲမဟုတ်ဘူးလား...?
အဲ့တော့မောင့်မင်းသမီးပေါ့...!""မောင်နဲ့သူနဲ့က
လုပ်ဖော်ကိုင်ဖတ်သူငယ်ချင်းတွေပါသဲငယ်ရာ။
ပြီးတော့မောင့်မှာ
ဟောဒိ dancer သေးသေးပိစိလေးပဲရှိတာ...""မောင်နော်...
လူကိုများဘာdancerသေးသေးပိစိလေးလဲ...
ကိုယ်ကမောင့်ထက်အသက်ပိုကြီးတယ်နော်...
ဟွန့်..."
YOU ARE READING
Relationship💌
Fanfikce"ယုံကြည်မှုပျက်သွားတဲ့အိမ်ထောင်ရေးကရေရှည်တည်တံ့မယ်လို့ထင်လား?"...... Start -15.1.2022