Chapter -13

1.3K 110 12
                                    

Now....

ဟိုတယ်ထဲကထွက်လာတဲ့
jimin ရဲ့ပုံစံက
တစ်ကယ့် ကြေကြွေကွဲကွဲ....။

ငိုလာပုံရတယ်....။
ဘာမှမပြောဘဲ
ကားထဲပြန်ဝင်လာတဲ့
ဂျီမင်းကြောင့်
ထယ်ယောင်းမေးမိသည်။

"အဆင်ပြေရဲ့လားဂျီမင်း...."

"........."

"ဂျီမင်း ကိုယ်ပြောတာကြားလား?"

"အဆင်မပြေဘူးထယ်ယောင်း...
ကျွန်တော့်ရင်တွေကျေမွသွားသလိုပဲ ..?"

"........"

"မောင် ဖောက်ပြန်နေခဲ့တယ်
ထယ်ယောင်းရယ်...
မောင်ကလေ...မောင်က
ကျွန်တော့်အပေါ်...."

"နားလည်ပါတယ်..။
စိတ်အေးအေးထားပါ..
ဒါရိုက်တာဂျွန်က
အဲ့လိုလူမဟုတ်လောက်ပါဘူး..
အသက်ကိုပုံမှန်ရှု...။
မင်ငယ် အထင်လွဲတာမျိုးလဲ
ဖြစ်ချင်ဖြစ်လောက်မှာပါ...."

"ဟင့်အင်း....
မောင်..မဟုတ်ဘူး...ဂျွန်ဂျောင်ကုက.
မိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတာ...။
တကယ်ကိုယ်...
ကိုယ်တိုင်..တွေ့ခဲ့ရတာ
ထယ်ယောင်းရဲ့....ကုတင်ပေါ်မှာ...ဟင့်...."

"စိတ်အေးအေးထားလေ...
မငိုပါနဲ့...
တောင်းပန်ပါတယ်...
မငိုပါနဲ့ဗျာ...။
ကိုယ်ဘာလုပ်ပေးရမလဲ?
မင်ငယ်အဲ့လိုငိုနေတာ မြင်ရတာ
ကိုယ်ရူးချင်လာလို့..."

"မသိတော့ပါဘူး...
တကယ်ရူးချင်လာပြီ...
စိတ်အေးအေးလဲမထားနိုင်တော့ပါဘူး
တောင်းပန်ပါတယ်..ဘာလို့များ...
ဘာလို့များအဲ့လိုလုပ်ရက်မျိုးကို...."

"အဆင်ပြေသွားမှာပါ...။
တကယ်အဆင်ပြေသွားမှာပါ...."

မင်ငယ်ကိုယ်လေးအား
နူးညံ့စွာထွေးပွေ့မိတယ်...။
အဆင်မပြေစေချင်တာ...
ကွဲကွာ‌သွားစေချင်တာ...
တကယ်ပါ...ဒါပေမယ့်
ဒီလိုပြိုလဲနေတဲ့
မင်ငယ်ရဲ့ ပုံစံကိုတော့ သူမမြင်ချင်ခဲ့ပါဘူး...။

ပြီးတော့ ဂျောင်ကုက အဲ့လိုလုပ်ရက်မျိုးကို....
တစ်ခုခုလွဲနေပြီထင်တယ်မင်ငယ်ရယ်.....။

"မင်ငယ်အဆင်ပြေအောင်
ကိုယ်ဘာလုပ်ပေးရမလဲ?"

"နေပါစေ...အိမ်ကိုပဲပို့ပေးပါ .."

Relationship💌Where stories live. Discover now