Chapter -26

1K 98 6
                                    

တီ တီ !!

"Hello Hoseok hyung"

"Jimin လား ဟျောင်းပါ "

"ဟုတ် သိတယ်ဟျောင်းရဲ့။
ဘာကိစ္စရှိလို့လဲ"

"ဘာရယ်မဟုတ်ပါဘူး အခုတစ်လော
ကင်ထယ်ယောင်းပျောက်နေလို့ အဲ့ဒါ ဂျီမင်းနဲ့များတွေ့ဖြစ်သေးလားလို့"

"ဟင့်အင်း ဟျောင်းရဲ့။
ကျွန်တော်နဲ့မတွေ့တာ သုံးလေးရက်လောက်ရှိပြီ"

"ဟုတ်လား ‌ဖုန်းရောဆက်ဖြစ်သေးလား"

"ဟင့်အင်း မဆက်ဖြစ်ဘူး
ဟျောင်းရောဆက်ကြည့်သေးလား"

"ဆက်ကြည့်တယ် အိမ်ကိုလဲသွားရှာကြည့်ပြီးပြီ။
ဘေးအိမ်ကိုမေးကြည့်လိုက်တော့လဲ အိမ်ပြန်မလာတာနှစ်ရက်ရှိပြီတဲ့..."

"သူ့မိဘတွေရော "

"ဆုံးသွားကြပြီ။
ထယ်ယောင်းက တစ်ယောက်ထဲနေတာ...
အာ...အရင်တုန်းကဘူဆန်မှာ နေခဲ့ဖူးတယ်ပြောတာပဲ...ဒါပေမယ့် အဲ့ဒီ့ကိုသွားရအောင်လဲ ဆွေးမျိုးရှိတာမဟုတ်ဘူး။
တကယ်ပဲ ကင်ထယ်ယောင်းတစ်ယောက်ဘယ်ရောက်နေပါလိမ့်ကွာ..."

"စိတ်မပူပါနဲ့ဟျောင်းရယ်။
အဲ့ဒီ့က သူ့သူငယ်ချင်းတစ်ယောက်ယောက်စီများအလည်သွားနေလို့လားမှမသိတာ အရင်က ဘူဆန်မှာနေခဲ့ဖူးတာဆိုတော့ အဲ့တုန်းကနေရပ်လိပ်စာလေးဘာလေးများမသိဘူးလား။"

"အဲ့ဒါမှ ဒုက္ခပဲ ဟျောင်းလဲမသိဘူး ဂျီမင်းရ.."

"နေပါဦး။
မောင်...အာ..ဂျောင်ကုကိုမေးကြည့်ရင်ရော"

"အာ...ဟုတ်သားပဲ မေးကြည့်ပါလားဂျီမင်း"

"ဟျောင်းမေးကြည့်ပါလား"

"အော် ဟုတ်သားပဲ သိပြီ ဟျောင်းမေးလိုက်မယ်"

"ဒါနဲ့ သိရရင် ကျွန်တော့်ကိုလဲပြောဦးနော်။
ကျွန်တော်လဲ လိုက်ခဲ့မယ် ဒယ်ဒီတို့ကလည်းဘူဆန်မှာဆိုတော့ ကျွန်တော် ဒယ်ဒီတို့ကိုသွားတွေ့မလို့ တူတူသွားကြမယ်"

"ဟုတ်ပြီ ဟုတ်ပြီ ဒါဆိုဒါပဲနော်ဂျီမင်း"

"ဟုတ်ကဲ့ဟျောင်း..."

ဟိုဆော့ဟျောင်းနဲ့ ဖုန်းပြော ပြီးနောက်
ဂျီမင်း ကင်ထယ်ယောင်းအားဖုန်းခေါ်မိသည်။

Relationship💌Where stories live. Discover now